မဲခေါင်၊ ဒီဇင်ဘာ ၂၃
ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ချင်းမိုင် ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေး ကောက်ပွဲ ပထမဆုံးနေ့ မှတ်ပုံတင်အခမ်းအနားကို တက်ရောက်အားပေးဖို့ ရောက်ရှိလာရာမှာ စီးနင်းလာတဲ့ ဗန်ကားရဲ့နံပါတ်ကို ချင်းမိုင် ဒေသခံတွေက နောက်လာမယ့်လကုန် ဖွင့်မယ့် ထိုင်းအစိုးရထီ နံပါတ်ဖြစ်နိုင်တယ် လို့ မှတ်ယူနေသူတွေရှိနေကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြသွားပါတယ်။
ချင်းမိုင် အုပ်ချုပ်ရေးမှူးအဖြစ် စင်ပြိုင် ရွေးချယ်ခံမယ့် အဓိက ကိုယ်စားလှယ်နှစ်ယောက်ကတော့ လက်ရှိ သက်ဆင်ရဲ့ပါတီ ဖွေထိုင်းက ကိုယ်စားလှယ် ဖိချိုင်းခတ်ပေါင်အက်ဒ်ဆွန်းနဲ့ ပြည်သူ့ပါတီ (ယခင် MFP) အမတ် ဖန်အတ်ချိုင်ရတ်တို့ဖြစ်ပြီး မှတ်ပုံတင်မှုမှာ ဖိချိုင်းက နံပါတ် (၂) ဦးစားပေးနေရာရပြီး ဖန်အတ်ချိုင်ရတ်က နံပါတ် (၁) ဦးစားပေးနေရာရရှိခဲ့ပါတယ်။
သက်ဆင်ဟာ သူ့ပါတီကိုယ်စားလှယ်ဖိချိုင်ကို မဲပေးကြဖို့ ချင်းမိုင်ကို ရောက်လာခဲ့တာဖြစ်ပြီး စီးနင်းလာတဲ့ ကားနံပါတ်က ထူးထူးခြားခြား ၁၁၁ တံဆိပ်ကြောင့် ဒေသခံတွေဟာ ၂၀၂၄ နှစ်ကုန်ထွက်မယ့် ထိုင်းထီ နံပါတ် ဖြစ်နိုင်တယ်လို့ မှတ်ယူမှုတွေ ရှိနေကြောင်း Khaosod မီဒီယာက ရေးသားဖော်ပြသွားတာပဲဖြစ်ပါတယ်။
Ref:Khaosod
MKF – 001
#MeKongNews
#ချင်းမိုင်
#ထီသမား
#သက်ဆင်








