နေ့စဥ်သတင်း

လွိုင်ကော်မှာ အသက်ကြီးသူတွေပါ စစ်မှုထမ်းဖို့ဖမ်းဆီးခံနေရ

မဲခေါင် 20 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၀ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ လူငယ်အမျိုးသားတွေအပြင် အသက်ကြီးသူတွေပါ စစ်မှုထမ်းဖို့ ဒီကနေ့ ဖမ်းဆီး ခေါ်ဆောင်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧက ၅၀၀ (အောင်သီဟ) ရပ်ကွက်ဘက်မှာတော့ လူငယ်တွေအပြင် အသက် ၅၀ ကျော်တွေပါ ခေါ်ဆောင်ခံနေရပြီး မင်းစုရပ်ကွက်ဘက်မှာတော့ ဒီကနေ့( ဒီဇင်ဘာ ၂၀) မှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက နာမည်စာရင်း နဲ့ တစ်အိမ်တက်ဆင်း လာရောက်ခေါ်ဆောင်ကာ တချို့လူငယ်တွေ အိမ်ပေါ်ကဆွဲချခံရတာမျိုးတွေအထိ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ရှောင်ရာမှ လွိုင်ကော်မှာ ပြန်လည်နေထိုင်ကြတဲ့မြို့ခံတွေထဲက လူငယ်အမျိုးသားတွေနဲ့ အသက် ၅၀ ကျော်အရွယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။ “အိမ်ကို

မဲခေါင်၊ ဒီဇင်ဘာ ၂၀

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ လူငယ်အမျိုးသားတွေအပြင် အသက်ကြီးသူတွေပါ စစ်မှုထမ်းဖို့ ဒီကနေ့ ဖမ်းဆီး ခေါ်ဆောင်ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧက ၅၀၀ (အောင်သီဟ) ရပ်ကွက်ဘက်မှာတော့ လူငယ်တွေအပြင် အသက် ၅၀ ကျော်တွေပါ ခေါ်ဆောင်ခံနေရပြီး မင်းစုရပ်ကွက်ဘက်မှာတော့ ဒီကနေ့( ဒီဇင်ဘာ ၂၀) မှာ အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက နာမည်စာရင်း နဲ့ တစ်အိမ်တက်ဆင်း လာရောက်ခေါ်ဆောင်ကာ တချို့လူငယ်တွေ အိမ်ပေါ်ကဆွဲချခံရတာမျိုးတွေအထိ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ရှောင်ရာမှ လွိုင်ကော်မှာ ပြန်လည်နေထိုင်ကြတဲ့မြို့ခံတွေထဲက လူငယ်အမျိုးသားတွေနဲ့ အသက် ၅၀ ကျော်အရွယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။

“အိမ်ကို သူခိုး ခိုးတယ် ပြန်လာကြည့်ပါဆိုလို့ ပြန်ကြည့်တာ နာမည်စာရင်းလာကောက်သွားတယ်၊ တစ်ပတ်လောက်နေတော့ အုပ်ချုပ်ရေးမှူးကိုယ်တိုင် လာခေါ်ပြီး ထောက်ပို့တပ်မှာသွားပို့တယ်၊ ငယ်သူမို့ခေါ်တာနားလည်ပေမဲ့ အခုကအသက်ကြီးနေသူ ခေါင်းဖြူနေသူ တချို့ဆို ရောဂါအခံရှိသူကိုပါ ခေါ်သွားတယ်” လို့ စစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ ကာယကံရှင် မိသားစုနဲ့နီးစပ်သူက မဲခေါင်ကို ပြောပါတယ်။

အခုလို စစ်မှုထမ်းဖို့ခေါ်ဆောင်ရာမှာ လွိုင်ကော်မြို့ ရပ်ကွက်တိုင်းလိုလိုဖြစ်နေပြီး သက်ကြီးပိုင်းတွေကို ရပ်ကွက်လုံခြုံရေးအတွက်ဟု ခေါင်းစဉ်တပ်ခေါ်ဆောင်သွားကာ သင်တန်းရောက်တဲ့အခါမှာတော့ ပြည်သူ့စစ်မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးနဲ့ အကြမ်း ဖက်တိုက်ဖျက်ရေး ဆိုတဲ့အဖွဲ့ထဲ ပို့ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့က အမှန်တရားကို သိသိကြီးနဲ့မပြောရဲကြဘူး၊ အုပ်ကြီးတွေလုပ်သလို ခံကြရတယ်၊ ကျွန်မသူငယ်ချင်းအဖေကိုခေါ်တုန်းက အဖေလိုက်ရင် သမီးကိုမခေါ်တော့ဘူးလို့ပြောလို့ သူငယ်ချင်းအဖေက ငါလည်းအသက်ကြီးပြီ ငါသွားလို့ ငါ့သားသမီးလွတ်ကင်းတယ်ဆိုရင် သွားလိုက်မယ်ဆိုပြီး လိုက်သွားတာတဲ့၊ ရင်နာတယ် ဒီစကားကြားရတာ” လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နို၀င်ဘာလအတွင်းက စစ်မှုထမ်းဖို့ဖမ်းဆီးခံရတဲ့ အသက်ကြီးပိုင်းတွေကိုတော့ အမှတ်(၇၂၂) ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်အတွင်း ပို့ဆောင်ခံရပြီး သင်တန်းတက်သူ ၁၁၅ ဦးခန့် ရှိပါတယ်။

ကျောင်းသားကွင်းမှာ စစ်မှုထမ်း စာရင်းပေးသွင်းရတာ၊ ပေါ်တာဆွဲခံရတာနဲ့ အဓမ္မဆွဲခေါ်ခံရတဲ့ လူငယ်၊ လူလတ်ပိုင်း ၄၀၀ ခန့်ကို အားကစားကွင်းအတွင်း သင်တန်းပေးတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ တစ်နှစ်ကျော်လာပေမယ့် မြို့ခံစစ်ရှောင်တွေ ရာနှုန်းပြည့် ပြန်လည်အခြေချနေထိုင်တာမျိုး မရှိတာကြောင့် အမြန်ဆုံးနေရပ်ပြန်ဖို့ ဖိအားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြို့ကိုစွန့်ခွာပြီး စစ်ရှောင်နေကြတဲ့ လွိုင်ကော်မြို့ခံတွေကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် မတ်လနောက်ဆုံးထား ပြန်လည်နေထိုင်ကြဖို့ ဖိအားပေးနေပါတယ်။

၂၀၂၃ ခုနှစ်၊ နို၀င်ဘာ ၁၁ ရက်က လူထုတော်လှန်ရေး ကရင်နီပူးပေါင်းတပ်တွေ ၁၁၁၁ စစ်ဆေးရေးကိုစတင်ခဲ့ပြီး စစ်ကောင်စီတပ်တွေကိုတိုက်ထုတ်ကာ လွိုင်ကော်မြို့အတွင်းပိုင်း ရပ်ကွက်တွေအထိ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တန်ပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့် တော်လှန်ရေးအဖွဲ့တွေ မြို့ကိုလက်လွှတ်လိုက်ရပါတယ်။

CJ-017
#MekongNews
#လွိုင်ကော်
#၅၀ကျော်အရွယ်
#စစ်မှုထမ်း
#ဖမ်းခံနေရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now