မဲခေါင်၊ ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ဟောင်း နှစ်ဆက်စလုံးဟာ တရားမဝင် အွန်လိုင်း လောင်းကစားကွန်ရက်နဲ့ ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက်ခဲ့ကြောင်း ထိုင်းအမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စွပ်စွဲခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြသွားပါတယ်။
လက်ရှိ ထိုင်းရဲချုပ်ကို ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ သက်ဆင်ရဲ့သမီး ပေထောင်တန်က ခန့်အပ်ထားတာဖြစ်ပြီး သူ့ရှေ့က ရဲချုပ်ဟောင်း တော်ဆက်ခ် ဆက်ဗီမိုလ်ကိုတော့ နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဆရတ်သာက ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
အခု NACC က တရားရုံးမှာ စွဲချက်တင်တဲ့ အဆင့်မဟုတ်သေးပေမယ့် ရဲချုပ်ဟောင်း တော်ဆက်ခ်ဟာလည်း BNK Master လို့ လူသိများတဲ့ တရားမဝင် အွန်လိုင်းလောင်းကစားအဖွဲ့အတွက် လာဘ်စားပြီး ငွေကြေးခဝါချမှုတွေ လုပ်ပေးခဲ့တဲ့ သက်သေတွေ တွေ့ရပြီး စွဲချက်တင်၊ မတင် ဆုံးဖြတ်တော့မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
တော်ဆက်ခ်ဟာ သူ့ရှေ့က ရဲချုပ် ဆူရာချာတီဟက်ခ်ပန်း အွန်လိုင်းလောင်းကစားကွန်ရက်အတွက် လာဘ်စား၊ ငွေကြေးခဝါချမှုမှာ ဦးဆောင် စုံစမ်းဖော်ထုတ်သူအဖြစ် ဒုရဲချုပ်ရာထူးကနေ ပါဝင်ခဲ့ပြီးနောက် သန့်စင်ရေး အော်ပရေးရှင်းလို့ ဂုဏ်ယူပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က အရပ်ဘက် ရဲချုပ် ဆူရာချာတီဟက်ခ်ပန်းကို အွန်လိုင်းလောင်းကစားမှုမှာ ပါဝင်ခဲ့သူအဖြစ် စွပ်စွဲခဲ့ပေမယ့် ရာထူးက ရပ်ဆိုင်းပြီး ဆက်လက်အရေးယူခြင်းတော့ မပြုခဲ့ပါဘူး။
အခု NACC က ဆူရာချာတီနေရာ ဆက်ခံခဲ့သူ ရဲချုပ် တော်ဆက်ခ် ဟာလည်း ရှေ့ရဲချုပ် အတိုင်း တူညီတဲ့ အမှုကို ကျူးလွန်ခဲ့ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့က စွပ်စွဲခဲ့ပြီး သူ့ကို ရဲချုပ်ရာထူးပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဆရတ်သာမှာတော့ ဥပဒေချိုးဖောက်ပြီး ရာထူးခန့်အပ်ထားရှိတဲ့ ပြစ်မှု မမြောက်ဘူးလို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။
Ref:Bangkokpost
MKF-001
#MeKongNews
#ထိုင်းရဲချုပ်
#နှဆက်
#အွန်လိုင်း
#လောင်းကစား
#ငွေကြေးခဝါချ








