နေ့စဥ်သတင်း

စစ်ရှုံးကောင်စီ ကာကွယ်ရေးဝန်ကြီး အပြောင်းအလဲ လုပ်

မဲခေါင် 18 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၈ စစ်ကောင်စီရဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဌာနပြောင်းပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တယ်လို့ စစ်ကောင်စီက ဒီနေ့ (ဒီဇင်ဘာ ၁၈) ညမှာ ကြေညာပါတယ်။ လက်ရှိ ကာကွယ်ရေးဝန်ကြီးမှ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်ပါ ပူးတွဲ တာဝန်ထမ်းဆောင်ဖို့ စစ်ခေါင်းဆောင်က နေရာပြောင်းလိုက်တာပါ။ ကာကွယ်ဝန်ကြီးသစ်ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ယခင်က တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ယူထားသူပါ။ ဌာနပြောင်းရွေ့ခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အာဏာမသိမ်းမီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ)

မဲခေါင်၊ ဒီဇင်ဘာ ၁၈

စစ်ကောင်စီရဲ့ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဌာနပြောင်းပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်တယ်လို့ စစ်ကောင်စီက ဒီနေ့ (ဒီဇင်ဘာ ၁၈) ညမှာ ကြေညာပါတယ်။

လက်ရှိ ကာကွယ်ရေးဝန်ကြီးမှ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်ပါ ပူးတွဲ တာဝန်ထမ်းဆောင်ဖို့ စစ်ခေါင်းဆောင်က နေရာပြောင်းလိုက်တာပါ။

ကာကွယ်ဝန်ကြီးသစ်ဖြစ်လာမယ့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ယခင်က တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တာဝန်ယူထားသူပါ။

ဌာနပြောင်းရွေ့ခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ အာဏာမသိမ်းမီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်တွေကို ထမ်းဆောင်ဖူးသူပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာ ဒီရာထူးတွေကို ပထမဆုံးအကြိမ် အပြောင်းအလဲ လုပ်ခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာသူ ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ စစ်တက္ကသိုလ် အပတ်စဥ် ၂၅ ဆင်းဖြစ်ပြီး ကထစ (၆) လက်အောက်ခံ နေပြည်တော်တိုင်း စစ်ဌာနချုပ်နဲ့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်တွေပါ ထမ်းဆောင်ဖူးသူလို့ မြန်မာနောင်းမှာ ရေးသားပါတယ်။

လစ်လပ်သွားတဲ့ တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ ယခင်က စစ်ထောက်ချုပ် ရာထူး ယူထားသူပါ။

ရှမ်းနဲ့ ရခိုင်အပါအဝင် တနိုင်ငံလုံး နေရာအများအပြား ဆုံးရှုံးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)နဲ့ ကျလုကျခင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တို့ကို သမိုင်းဝင် ဆုံးရှုံးထားတဲ့ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးနောက် ငါးကြိမ်မြောက် ရာထူးကြီးပိုင်းတွေကို အပြောင်းအလဲလုပ်ခဲ့တာပါ။

#MeKongNews
#စစ်ခေါင်းဆောင်
#မင်းအောင်လှိုင်
#ရာထူးပြောင်း
#ကြည်းရေလေ
#ဗိုလ်ချုပ်ကြီး
#ပြောင်းလဲ
#ကာကွယ်ရေးဝန်ကြီး
ပုံစာအညွှန်း – ဒီဇင်ဘာ ၁၂ ရက်က ပြင်ဦးလွင်၊ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဥ် (၂၆) မှာ တွေ့ရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now