နေ့စဥ်သတင်း

နယ်မြေအငြင်းပွားနေတဲ့ တပ်စခန်းတွေ ဆုတ်ပေးဖို့ “ဝ” တပ်ဖွဲ့ သဘောတူကြောင်း ထိုင်းသတင်းဖော်ပြ

မဲခေါင် 15 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၅ ရှမ်းပြည်အရှေ့ပိုင်းနဲ့ ထိုင်းနယ်စပ်ထိစပ်နေတဲ့နေရာမှာ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ တပ်စခန်းတွေကနေ တပ်ဖွဲ့ကဆုတ်ခွာပေးဖို့ “ဝ” ဘက်က သဘောတူလိုက်ပြီး အချိန် ၃ လခန့် တောင်းဆိုတယ်လို့ ထိုင်းသတင်းတစ်ခုက ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ဖော်ပြပါတယ်။ Thai Move Institute ရဲ့ သတင်းအစီအစဉ်ဖြစ်တဲ့ The Critics က ဖော်ပြခဲ့တာဖြစ်ပြီး သတင်းထဲမှာ “ဝ” တပ်ဖွဲ့ဘက်က ဆုတ်ခွာပေးဖို့ သဘောတူကြောင်း၊ ဒါပေမယ့် ဆုတ်ခွာပေးဖို့ “ဝ” တပ်ဖွဲ့ကို အချိန် ၃ လ၊ ၄ လခန့် ပေးဖို့ဆိုကြောင်း၊ ကြေညာချက်ထုတ်ပြန်ရာမှာ “ဝ” တပ်ဖွဲ့က အရှုံးပေးတာမျိုး၊ ကြောက်ရွံ့လို့

မဲခေါင်၊ ဒီဇင်ဘာ ၁၅

ရှမ်းပြည်အရှေ့ပိုင်းနဲ့ ထိုင်းနယ်စပ်ထိစပ်နေတဲ့နေရာမှာ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ တပ်စခန်းတွေကနေ တပ်ဖွဲ့ကဆုတ်ခွာပေးဖို့ “ဝ” ဘက်က သဘောတူလိုက်ပြီး အချိန် ၃ လခန့် တောင်းဆိုတယ်လို့ ထိုင်းသတင်းတစ်ခုက ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်မှာ ဖော်ပြပါတယ်။

Thai Move Institute ရဲ့ သတင်းအစီအစဉ်ဖြစ်တဲ့ The Critics က ဖော်ပြခဲ့တာဖြစ်ပြီး သတင်းထဲမှာ “ဝ” တပ်ဖွဲ့ဘက်က ဆုတ်ခွာပေးဖို့ သဘောတူကြောင်း၊ ဒါပေမယ့် ဆုတ်ခွာပေးဖို့ “ဝ” တပ်ဖွဲ့ကို အချိန် ၃ လ၊ ၄ လခန့် ပေးဖို့ဆိုကြောင်း၊ ကြေညာချက်ထုတ်ပြန်ရာမှာ “ဝ” တပ်ဖွဲ့က အရှုံးပေးတာမျိုး၊ ကြောက်ရွံ့လို့ ဆုတ်ခွာတာမျိုး မဟုတ်ဘူးဆိုတာကို ထည့်သွင်းပေးရမယ်လို့ တောင်းဆိုကြောင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

“ဝ” တပ်ဖွဲ့ ဆုတ်ခွာပေးမယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ အတည်ပြုနိုင်ဖို့ မဲခေါင်သတင်းဌာနက ကြိုးစားနေဆဲဖြစ်ပြီး “ဝ” တပ်ဖွဲ့ – UWSA တာဝန်ရှိသူတွေထံ ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နယ်စပ်က “ဝ”တပ်ဖွဲ့ အခြေစိုက်ထားတဲ့ တပ်စခန်း ၉ နေရာနဲ့ပတ်သက်လို့ ပြန်လည်ဆုတ်ခွာပေးဖို့ ထိုင်းဘုရင့်တပ်ဘက်က တောင်းဆိုနေတာဖြစ်ပါတယ်။

အဲဒီဒေသဘက်ကို ဒီဇင်ဘာလ ၁၀ ရက်က မြန်မာစစ်တပ် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်သွားရောက်ခဲ့ပြီး ၅ ရက်အကြာမှာ အခုလိုသတင်းတွေ ထွက်ပေါ်လာတာပါ။

“ဝ” တပ်နဲ့ ထိုင်းတပ်ကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ က ထိုင်း -မြန်မာနယ်စပ်၊ မယ်ဟောင်ဆွန် ခရိုင်အတွင်းရှိတဲ့ နယ်စပ်မျဥ်းက UWSA ရဲ့ စစ်တပ်စခန်း ၇ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ ထိုင်းဘုရင့်တပ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနဲ့ “ဝ”တပ်ကြား စစ်ရေးတင်းမာမှု သတင်းတွေအပေါ် စစ်ရေးသတင်းတွေကို ဖန်တီးရေးသားကြတာနဲ့ပတ်သက်လို့ “ဝ” တပ်ဖွဲ့ – UWSA က ငြိမ်းချမ်းရေးသည်သာ အဓိကဖြစ်တာကြောင့် စစ်အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဒီဇင်ဘာ ၈ ရက်က စာထုတ်ပြန်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ စစ်စခန်းကုန်းတွေဟာ မြန်မာနိုင်ငံနယ်စပ်နားမှာ တည်ရှိတဲ့ RCSS ဌာနချုပ် လွယ်တိုင်းလျန်းနဲ့ ၁၀ ကီလိုမီတာအကွာမှာတည်ရှိတယ်လို့ မြေပြင်သတင်းအရ သိရပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဒေသ ပန်မဖနယ်ထဲကို မီတာ ၃၀၀ ခန့် ရောက်နေတာလို့ ထိုင်းသတင်းတွေက ပြောနေပါတယ်။

“ဝ” ဘက်ကတော့ မိုင်းပန်မြို့နယ်၊ ဟိုမိန်းမြို့၊ လွယ်ဝိုးမှာ ရှိနေတာလို့ ဆိုပါတယ်။ လွယ်ဝိုးဟာ မိုင်းတုံမြို့နယ်၊ မုံးထမြို့နဲ့ နီးကပ်စွာတည်ရှိနေတာ ဖြစ်ပါတယ်။

မိုင်းတုံမြို့နယ်ထဲက ခိုင်းလုံဟာ မုံးထရဲ့အနောက်ဖက်၊ လွယ်တိုင်းလျန်း RCSS ဌာနချုပ်ရဲ့ အရှေ့ဖက်မှာရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ မြို့တည်ထားကာ တပ်မဟာ ၇၇၈ နယ်မြေဖြစ်ကြောင်း သိရပါတယ်။

MK – 004
#MeKongNews
#ထိုင်းနယ်စပ်
#ဝတပ်ဖွဲ့
#UWSA
#တပ်စခန်း
#အငြင်းပွား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now