နေ့စဥ်သတင်း

ဖယ်ခုံအရှေ့ခြမ်းကို စစ်ကောင်စီစစ်နယ်မြေရှင်းလင်းမယ့်သတင်း ထွက်ပေါ်

မဲခေါင် 12 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၂ ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီက နယ်မြေရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေကြောင့်ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ သတိထားပြီးရှောင်ရှားကြဖို့ စောင့်ကြည့်နေသူတွေက အသိပေးလှုံ့ဆော်နေပါတယ်။ နယ်မြေရှင်းလင်းရေးမှာ လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းနဲ့ဗုံးကြဲတာတွေ ရှိလာနိုင်တာမို့ သတိပြုကြဖို့ နှိူးဆော်နေတာဖြစ်ပြီး ဒေသခံတွေနဲ့ အဲဒီဒေသမှာစစ်ရှောင်နေကြတဲ့ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။ “စစ်ကြောင်းထိုးဖို့ရှိတယ်လို့ ပြောတယ်၊ လက်တလော အရှေ့ဘက်ကမ်းမှာတော့ ငြိမ်နေပါတယ်၊ အခြေအနေစောင့်ကြည့်နေကြတဲ့ သဘောပေါ့၊ စိုးရိမ်မှုတွေတော့ ရှိကြတယ်၊ ကျွန်မတို့က မိုးဗြဲမြို့ဘက်ကနေ ဖယ်ခုံအရှေ့ဘက်ကမ်းမှာ စစ်လာရှောင်နေကြတာ၊ ခုက ဆွေ မျိုးတွေ ရှိလို့လာရှောင်ရတာ၊ ထပ်ပြေးရရင်တော့ ဆွေမျိုးမရှိနဲ့ ဘယ်ထပ်ပြေးရမလဲမသိ” လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁၁၁၁

မဲခေါင်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီက နယ်မြေရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေကြောင့်ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေ သတိထားပြီးရှောင်ရှားကြဖို့ စောင့်ကြည့်နေသူတွေက အသိပေးလှုံ့ဆော်နေပါတယ်။

နယ်မြေရှင်းလင်းရေးမှာ လက်နက်ကြီးနဲ့ပစ်တာ လေကြောင်းနဲ့ဗုံးကြဲတာတွေ ရှိလာနိုင်တာမို့ သတိပြုကြဖို့ နှိူးဆော်နေတာဖြစ်ပြီး ဒေသခံတွေနဲ့ အဲဒီဒေသမှာစစ်ရှောင်နေကြတဲ့ ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

“စစ်ကြောင်းထိုးဖို့ရှိတယ်လို့ ပြောတယ်၊ လက်တလော အရှေ့ဘက်ကမ်းမှာတော့ ငြိမ်နေပါတယ်၊ အခြေအနေစောင့်ကြည့်နေကြတဲ့ သဘောပေါ့၊ စိုးရိမ်မှုတွေတော့ ရှိကြတယ်၊ ကျွန်မတို့က မိုးဗြဲမြို့ဘက်ကနေ ဖယ်ခုံအရှေ့ဘက်ကမ်းမှာ စစ်လာရှောင်နေကြတာ၊ ခုက ဆွေ မျိုးတွေ ရှိလို့လာရှောင်ရတာ၊ ထပ်ပြေးရရင်တော့ ဆွေမျိုးမရှိနဲ့ ဘယ်ထပ်ပြေးရမလဲမသိ” လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဖယ်ခုံမြို့ အ၀င်အထွက်တွေကို ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာတော့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားခဲ့ပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့ ဖယ်ခုံမြို့အတွင်းနဲ့ မိုးဗြဲအရှေ့ဘက်ခြမ်းကဒေသခံ တစ်သိန်းကျော်ခန့်ဟာ ဖယ်ခုံအရှေ့ဘက်ခြမ်းရွာတွေနဲ့ အနောက်ဘက်ခြမ်း ကျေးရွာတွေမှာ လက်ရှိအချိန်ထိစစ်ဘေးရှောင်နေကြရပြီး ကုန်ဈေးနှုန်းကြီးမြင့်မားမှု၊ စားသောက်ကုန်ရှားပါးမှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ကျွန်မတို့သူငယ်ချင်း အနောက်တောင်ဘက်ကလူတွေကတော့ လက်နက်ကြီးထုသံတွေ ကြားတယ်၊ တဒုန်းဒုန်းနဲ့၊ ဒီဘက်ရော အခြေအနေဘယ်လိုလဲလို့ မေးတယ်၊ လိုင်းပေါ်မှာတော့ သတင်းတွေ့တယ်၊ စစ်ကြောင်းထိုးဖို့ရှိတယ်လို့လည်း ပြောတယ်၊ ဒါပေမဲ့ ဒီဘက်ကမ်းတော့ ငြိမ်တော့ ငြိမ်နေတယ်၊ လက်နက်ကြီးထုသံလည်း မကြားဘူး၊ သွားလာနေကြသေးတယ်” လို့ ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)ပူးပေါင်းအဖွဲ့တွေက ဖယ်ခုံမြို့နဲ့ ဆယ်မိုင်အကွာရှိတဲ့ မိုးဗြဲကိုဆက်လက်ထိုးစစ်ဆင်းနေပြီး ကရင်နီကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာပါ။ နို၀င်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခက်တွေတာကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သား ခြောက်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။

CJ-017
#MekongNews
#ရှမ်းပြည်တောင်ပိုင်း
#ဖယ်ခုံအရှေ့
#စစ်ကောင်စီ
#နယ်မြေရှင်း
#ဒေသခံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now