နေ့စဥ်သတင်း

ထိုင်းတပ်နဲ့ ‘ဝ’တပ် အလွတ်တန်းတွေ့ဆုံပေမယ့် ထူးခြားပြောင်းလဲတာမရှိ

မဲခေါင် 11 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၁၁ ထိုင်း-မြန်မာ နယ်စပ်မျဉ်းမှာ အထိုင်ချထားတဲ့ UWSA “ဝ”တပ်စခန်းတွေ ဒီဇင်ဘာ ၁၈ ရက်နောက်ဆုံးထားပြီး ပြန်လည်ဆုတ်ခွါပေးဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပြီးနောက် ထိုင်းဘုရင့်တပ်မတော်နဲ့ “ဝ”တပ်ဖွဲ့ အလွတ်တမ်းတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။ ထိုင်းဘုရင့်တပ်မတော်က ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူနဲ့ UWSA “ဝ” တပ်ဖွဲ့က အရာရှိအချို့ တာချီလိတ်မှာ ဒီဇင်ဘာ ၇ ရက် ညပိုင်းနဲ့ ချင်းမိုင်းမြို့တွေမှာ အလွတ်တမ်းတွေ့ဆုံညှိနှိုင်းတာတွေ ရှိခဲ့ပေမယ့် တပ်စခန်းပြန်ဆုတ်ရေးဟာ ရေရာတဲ့ အဖြေမထွက်ရှိသေးဘူးလို့ ဒေသတွင်း အခြေအနေတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ UWSA “ဝ” တပ်ဖွဲ့က တပ်စခန်းပြန်လည်ဆုတ်ပေးရေးဟာ နှစ်နိုင်ငံအဆင့်အခြေနေတွေမို့ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းဖို့သာ ပြောထားဖူးပါတယ်။

မဲခေါင်၊ ဒီဇင်ဘာ ၁၁

ထိုင်း-မြန်မာ နယ်စပ်မျဉ်းမှာ အထိုင်ချထားတဲ့ UWSA “ဝ”တပ်စခန်းတွေ ဒီဇင်ဘာ ၁၈ ရက်နောက်ဆုံးထားပြီး ပြန်လည်ဆုတ်ခွါပေးဖို့ ထိုင်းအာဏာပိုင်တွေက သတိပေးထားပြီးနောက် ထိုင်းဘုရင့်တပ်မတော်နဲ့ “ဝ”တပ်ဖွဲ့ အလွတ်တမ်းတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

ထိုင်းဘုရင့်တပ်မတော်က ဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့သူနဲ့ UWSA “ဝ” တပ်ဖွဲ့က အရာရှိအချို့ တာချီလိတ်မှာ ဒီဇင်ဘာ ၇ ရက် ညပိုင်းနဲ့ ချင်းမိုင်းမြို့တွေမှာ အလွတ်တမ်းတွေ့ဆုံညှိနှိုင်းတာတွေ ရှိခဲ့ပေမယ့် တပ်စခန်းပြန်ဆုတ်ရေးဟာ ရေရာတဲ့ အဖြေမထွက်ရှိသေးဘူးလို့ ဒေသတွင်း အခြေအနေတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

UWSA “ဝ” တပ်ဖွဲ့က တပ်စခန်းပြန်လည်ဆုတ်ပေးရေးဟာ နှစ်နိုင်ငံအဆင့်အခြေနေတွေမို့ အာဏာသိမ်းစစ်ကောင်စီနဲ့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းဖို့သာ ပြောထားဖူးပါတယ်။

“ထိုင်းဘုရင့်တပ်မတော်က ဗိုလ်ချုပ်ကြီးအဆင့်ရှိသူက “ဝ” ဘက်ကို ထပ်ပြီးလာညှိတယ်၊ ဒါပေမယ့် အခြေအနေက မပြောင်းလဲဘူး၊ ထိုင်းဘက်ကတော့ နယ်စပ်မျဉ်းတွေနားမှာ တပ်အင်အားတွေကော တင့်ကားတွေကော ချထားတယ်ကြားတယ်၊ ဘယ်လိုဆက်ဖြစ်မလဲ မသိဘူး၊ အခုဆိုအချိန်သိပ်မကျန်ဘူး ဒေသခံတွေက တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်နေကြတယ်” လို့ ဒေသတွင်းအခြေအနေတွေနဲ့ နီးစပ်သူ အမည်မဖေါ်လိုသူတစ်ဦးက ပြောပါတယ်။

ရှမ်းအရှေ့အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးလည်း ဒီဇင်ဘာ ၁၀ ရက်က ကျိုင်းတုံကနေ တာချီလိတ်ကို ဖြတ်ပြီး မိုင်းဆတ်မြို့ကိုသွားရောက်ခဲ့တဲ့အပြင် “ဝ” တောင်ပိုင်း စစ်ဒေသ ၁၇၁ အတွင်းက မိုင်းတုံနဲ့ နားကောင်းမှုမြို့တွေမှာ UWSA ဘက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်အရေး ဖြစ်ပေါ်နေတဲ့ “ဝ”တပ်စခန်းကိစ္စတွေကို ဆွေးနွေးခဲ့ပြီး ဒီနေ့(ဒီဇင်ဘာ ၁၁)မှာ UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ RCSS ရှမ်းတပ်ဖွဲ့ထိန်းချုပ်နယ်မြေ ထိစပ်နေတဲ့ မုံးထုံနဲ့ မုံးထမြို့နယ်တွေကို ဆက်လက်ပြီး ထွက်ခွာသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံဘက်က တချို့စစ်ဗိုလ်ချုပ်တွေအနေနဲ့ “ဝ”တပ်ဖွဲ့ကို တိုက်ဖို့လိုလားနေကြပေမယ့် တချို့စစ်ဗိုလ်ချုပ်တွေက ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆောင်ရွက်ဖို့ လိုလားသူ နှစ်ဖွဲ့ကွဲနေပြီး ထိုင်းဘုရင်ကိုယ်တိုင် တပ်စခန်းတွေကိုတိုက်ခိုက်ကာ ပြန်လည်ရယူဖို့ ညွှန်ကြားထားတာတွေလည်း ရှိတယ်လို့ အတည်မပြုနိုင်တဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။

“ဝ” တပ်ဖွဲ့ စခန်းတည်ဆောက်ထားတဲ့ နေရာတွေကို ထိုင်းအာဏာပိုင်တွေက သက်ဆိုင်ရာ နယ်ခြားကော်မတီ(TBC)နဲ့ ဒေသဆိုင်ရာကော်မတီ(RBC) အစည်းအဝေးတိုင်းမှာ ၂၀၀၀ ပြည့် နှစ်အလွန်ကတည်းက တင်ပြဆွေးနွေးပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်မျဉ်းပေါ် “ဝ”တပ်ဖွဲ့ စခန်းချထားတဲ့ နေရာတွေက မိုင်းတုံခရိုင်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွေအတွင်းဖြစ်ပြီး UWSA စစ်ဒေသ ၁၇၁ ဧရိယာအတွင်းက တပ်စခန်းပေါင်း ကိုးခု ဖြစ်တယ်လို့ သိရပါတယ်။

MK – 002
#MekongNews
#ထိုင်းတပ်
#ဝတပ်
#နယ်စပ်မျဉ်း
#တွေ့ဆုံ
#မပြောင်းလဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now