ကမ္ဘာ့သတင်း

လေယာဉ်ပစ်ချခံရလို့ သေပြီဆိုပြီး သတင်းတွေထုတ်လွှင့်ပေးခဲ့ပြီးမှ အာဆတ်ကို ခိုလှုံခွင့်ပေးလိုက်ကြောင်း ရုရှားအတည်ပြု

မဲခေါင် 9 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၉ ဆီးရီးယားမြိုးတော် ဒမက်စကက်ကို ဒီဇင်ဘာ ၇ ရက်မှာ တော်လှန်မဟာမိတ်တပ်တွေ သိမ်းပိုက်ပြီးနောက် နိုင်ငံကို အာဏာရှင်အဖြစ် ၂၄ နှစ်ကြာ အုပ်စိုးခဲ့တဲ့ သမ္မတ အာရှာအယ်လ်အာဆတ်ဟာ မိသားစုနဲ့အတူ ဂျက်လေယာဉ်နဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး လေယာဉ်ဟာ ရေဒါမှာ ပျောက်သွားခဲ့တာကြောင့် ပစ်ချခံလိုက်ရပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆတ်ဟာ မိသားစုနဲ့အတူ မော်စကိုကို ရောက်ရှိနေပြီး လူသားချင်းစာနာမှုနဲ့ သံတမန်ဆက်ဆံရေးမူဝါဒအရ ခိုလှုံခွင့်တောင်းလို့ ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ ဆီးရီးယားအာဏာလွှဲပြောင်းမှုမှာ ငြိမ်းချမ်းစွာ လွှဲပြောင်းမှုဖြစ်စေလိုကြောင်း ပန်ကြားခဲ့တယ်လို့ ထုတ်ပြန် အတည်ပြုသွားခဲ့ပါတယ်။ ဒမက်စကက်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ပြည်သူတွေနဲ့ ၂၄ နာရီလုံး

မဲခေါင်၊ ဒီဇင်ဘာ ၉

ဆီးရီးယားမြိုးတော် ဒမက်စကက်ကို ဒီဇင်ဘာ ၇ ရက်မှာ တော်လှန်မဟာမိတ်တပ်တွေ သိမ်းပိုက်ပြီးနောက် နိုင်ငံကို အာဏာရှင်အဖြစ် ၂၄ နှစ်ကြာ အုပ်စိုးခဲ့တဲ့ သမ္မတ အာရှာအယ်လ်အာဆတ်ဟာ မိသားစုနဲ့အတူ ဂျက်လေယာဉ်နဲ့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး လေယာဉ်ဟာ ရေဒါမှာ ပျောက်သွားခဲ့တာကြောင့် ပစ်ချခံလိုက်ရပြီလို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အာဆတ်ဟာ မိသားစုနဲ့အတူ မော်စကိုကို ရောက်ရှိနေပြီး လူသားချင်းစာနာမှုနဲ့ သံတမန်ဆက်ဆံရေးမူဝါဒအရ ခိုလှုံခွင့်တောင်းလို့ ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ ဆီးရီးယားအာဏာလွှဲပြောင်းမှုမှာ ငြိမ်းချမ်းစွာ လွှဲပြောင်းမှုဖြစ်စေလိုကြောင်း ပန်ကြားခဲ့တယ်လို့ ထုတ်ပြန် အတည်ပြုသွားခဲ့ပါတယ်။

ဒမက်စကက်မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ပြည်သူတွေနဲ့ ၂၄ နာရီလုံး မနားတမ်း အောင်ပွဲခံနေချိန် ဒီဇင်ဘာ ၇ ရက်နေ့က အာဆတ်နဲ့မိသားစု စီးနင်းလိုက်ပါတဲ့ လေယာဉ်ဟာ ဒမက်စကက်လေဆိပ်ကနေ ဆီးရီးယားနိုင်ငံကမ်းခြေဒေသ လွတ်မြောက်နယ်မြေဆီ ပျံသန်းနေရာက ဟွမ်းစ်မြို့ပေါ်အရောက် ဂငယ်ကွေ့ ကွေ့ပြီး ဆန့်ကျင်ဘက်အရပ်ဆီ ပျံသန်းကာ မကြာခင် ရေဒါမှာ ပျောက်သွားခဲ့တာဖြစ်လို့ ပစ်ချခံလိုက်ရကြောင်း ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ရေဒီယိုအချက်ပေးစနစ်နဲ့ ရေဒါမမိအောင် ပိတ်လိုက်တာသာဖြစ်ပြီး အာဆတ်ဟာ သူ့အပေါ် အာဏာရှင်ချင်း မဟာမိတ်အဖြစ် ထောက်ခံအားပေးခဲ့သူ ပူတင် ရှိရာ မော်စကိုကိုသာ လေယာဉ်ခရီးနှင်ပြီး ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ယူကရိန်းထောက်လှမ်းရေး အဖွဲ့က အာဆတ် လေယာဉ်နဲ့ထွက်ပြေးမှုမှာ လေယာဉ်ပျက်ကျကြောင်း သတင်းမှားတွေကို ရုရှားဘက်က လိမ်လည် ထုတ်ပြန်ပေးနေခဲ့ပြီး လေယာဉ်ပျံသန်းပြီး မိနစ် ၄၀ အကြာ ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၉ မိနစ်မှာပဲ ရေဒါ စနစ်ကို ဖြုတ်ချပြီးမော်စကိုကို ပျံသန်းရောက်ရှိသွားတာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။

ယူကရိန်းထောက်လှမ်းရေးအဆိုအရ ပူတင်ဟာ ဆီးရီးယားမှာ အာဆတ်ကို ထောက်ခံကူညီဖို့ ထားရှိတဲ့ သူ့စစ်စခန်းနှစ်ခုကိုတော့ တော်လှန်ခေါင်းဆောင်ကို အာဏာပြန်သိမ်းမှုမှာ နောက်ကွယ်က ထောက်ခံမှု ပြန်ပေးခဲ့ခြင်းအတွက် ဆက်လက်အခြေစိုက်ခွင့် ရထားပြီး Tartus ရေတပ်အခြေစိုက်စခန်းက စစ်သင်္ဘောတွေကိုတော့ လက်နက်တွေ သယ်ဆောင်ပြီး ရုပ်သိမ်းပေးနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Ref:Thesun
MKF-001
#MeKongNews
#အာဆတ်
#ရုရှား
#ခိုလှုံခွင့်
#ထွက်ပြေး
#ဆီးရီးယား
#တော်လှန်ရေး
#ရေဒါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now