မဲခေါင်၊ နိုဝင်ဘာ ၈
ဓနုလူမျိုးတွေ စည်းလုံးညီညွတ်ပြီး စစ်အာဏာရှင်ကျဆုံးစေရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အာမခံတဲ့ ဓနုပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံတဲ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦးက ဓနုအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုရင်း အဓိဌာန်ပြုပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၈ ရက်ဟာ(၇)ကြိမ်မြောက် ဓနုအမျိုးသားနေ့ ဖြစ်ပါတယ်။
“ဓနုဒေသအားလုံး ဖြန့်ကျက်လှုပ်ရှားနိုင်ဖို့နှင့် ထိန်းချုပ်နိုင်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားနေတာမျိုး ရှိပါတယ်၊ နောက်ပြီး ဓနုလူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နိုင်အောင် ကြိုးစားနေတာမျိုးတွေ ရှိပါတယ်ဗျ” လို့ ဓနုပြည်သူလွတ်မြောက်ရေးတပ်ဦး (DPLF)ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ဓနုအမျိုးသားတော်လှန်ရေး အောင်ပွဲဆင်နိုင်ဖို့နဲ့ ဓနုပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေနဲ့လည်း အတူတကွပူးပေါင်းပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေ ပိုမိုဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်တယ်လို့ဆိုပါတယ်။
DPLF တပ်ဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်းက ရှေ့တန်းစစ်မျက်နှာပြင်တွေနဲ့ ရပ်စောက်မြို့နယ်အနီးတဝိုက်မှာ ရှိတဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေပြီး အာဏာရှင်စနစ်ကျရှုံးစေဖို့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပါဝင်နေတယ်လို့ သိရပါတယ်။
CJ-004
#MekongNews
#ဓနုအမျိုးသားနေ့
#၇ကြိမ်မြောက်
#DPLF
#ရှမ်းမြောက်
#ရပ်စောက်








