နေ့စဥ်သတင်း

တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအား ရှမ်းပြည်ဘက်ကို ဦးတည်

မဲခေါင် 3 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ-၃ တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအားဟာ ရှမ်းပြည်အတွင်းကိုဦးတည်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ချေရှိပြီး ပြောင်းစျေးအတက်ဘက်မှာရှိနေတယ်လို့ ပြောင်းကုန်သည်တွေကပြောကြပါတယ်။ မြန်မာပြည်က စိုက်ပျိုးတဲ့ပြောင်းမျိုးတွေက မျိုးရိုးဗီဇ မပြုပြင်ထားတဲ့ NonGMO မျိုးတွေ ဖြစ်နေလို့ တိရစ္ဆာန်အစာစပ် စက်ရုံတိုင်းလက်ခံလိုချင်ကြပါတယ်၊ တရုတ်ရဲ့ ပြောင်းဆံလိုအပ်ချက်ဟာ တန်ချိန်ပေါင်း ၂၆ သန်းကျော်အထိရှိနေပေမယ့် မြန်မာတစ်နိုင်ငံလုံး ပြောင်း ထွက်အားဟာ တန်ချိန်ပေါင်း ငါး သန်းမပြည့်တာကြောင့် တရုတ်ဝယ်လိုအားကိုပြည့်မှီအောင်မဖြည့်နိုင်ပါဘူး၊ တရုတ်နိုင်ငံက နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Eastwind International Trade Co..Ltd Non-GMO Corn ကမြန်မာပြောင်းဆံကို ဝယ်ယူလိုကြောင်း အကြောင်းကြားလာလို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ရှမ်းပြည်နယ်ကတင်ပို့လိုသူတွေ UMFCCI နဲ့ ဆက်သွယ်လုပ်ဆောင်ဖို့စာထုတ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ကုန်းတွင်းပိတ် ယူနန်ဒေသဟာ နစ်စဉ်ပြောင်းဆံလိုအပ်ချက် ရှိနေပြီး

မဲခေါင်၊ ဒီဇင်ဘာ-၃

တရုတ်နိုင်ငံရဲ့ ပြောင်းဆံဝယ်လိုအားဟာ ရှမ်းပြည်အတွင်းကိုဦးတည်လာတာကြောင့် နယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ချေရှိပြီး ပြောင်းစျေးအတက်ဘက်မှာရှိနေတယ်လို့ ပြောင်းကုန်သည်တွေကပြောကြပါတယ်။

မြန်မာပြည်က စိုက်ပျိုးတဲ့ပြောင်းမျိုးတွေက မျိုးရိုးဗီဇ မပြုပြင်ထားတဲ့ NonGMO မျိုးတွေ ဖြစ်နေလို့ တိရစ္ဆာန်အစာစပ် စက်ရုံတိုင်းလက်ခံလိုချင်ကြပါတယ်၊ တရုတ်ရဲ့ ပြောင်းဆံလိုအပ်ချက်ဟာ တန်ချိန်ပေါင်း ၂၆ သန်းကျော်အထိရှိနေပေမယ့် မြန်မာတစ်နိုင်ငံလုံး ပြောင်း ထွက်အားဟာ တန်ချိန်ပေါင်း ငါး သန်းမပြည့်တာကြောင့် တရုတ်ဝယ်လိုအားကိုပြည့်မှီအောင်မဖြည့်နိုင်ပါဘူး၊

တရုတ်နိုင်ငံက နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Eastwind International Trade Co..Ltd Non-GMO Corn ကမြန်မာပြောင်းဆံကို ဝယ်ယူလိုကြောင်း အကြောင်းကြားလာလို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ရှမ်းပြည်နယ်ကတင်ပို့လိုသူတွေ UMFCCI နဲ့ ဆက်သွယ်လုပ်ဆောင်ဖို့စာထုတ်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ကုန်းတွင်းပိတ် ယူနန်ဒေသဟာ နစ်စဉ်ပြောင်းဆံလိုအပ်ချက် ရှိနေပြီး ယူနန်ကို တရုတ် ကမ်းစပ်ကနေ ပြောင်းဆံ သယ်ယူရင် မိုင် ၂၀၀၀ ကျော် သယ်ယူရလို့ သယ်ယူခ စားရိတ်ကြီးတာကြောင့် မြန်မာနယ်စပ်ဂိတ်တွေဖြစ်တဲ့ မှုဆယ် ၊ နမ့်ခမ်း ၊ ကျင်စန်းကြော့ နဲ့ ချင်းရွှေဟော်လမ်းကြောင်း တွေက မိုင် ၃၀၀ လောက်နဲ့ ယူနန်နယ်ထဲ စရိတ်သက်သာစွာ သယ်ယူရတာကိုသာ ယူနန်ဒေသခံတွေက ဆန္ဒရှိနေကြတာလို့ ပြောင်းစိုက်အသင်းဝင်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

လက်ရှိတရုတ်ပြည်တွင်း ပြောင်းဆံ ဈေးနှုန်းမှာ ၅၀ kg ( ပိဿာ ၃၀.၆၂၃ ) ကို တရုတ် ယွမ်ငွေ ၁၃၅ ယွမ် မှ ၁၄၅ ယွမ် အထိတရုတ်အစာစပ် စက်ရုံအရောက်ဈေး ဖြစ်နေတယ်လို့ပြောပါတယ်။

တရုတ်ရဲ့ ပြောင်းလိုအပ်ချက်က တစ်နှစ်ထက်တစ်နှစ် ပိုကြီးမားလာကာ ထိုင်းတိုက်ရိုက် ၊ ထိုင်း မှ တစ်ဆင့် လာအို ၊ လာအိုကတရုတ် စတဲ့ကုန်းတွင်းလမ်းတွေကနေ စီစဉ်နေပေမယ့် လိုအပ်ချက် ကိုပြည့်မှီနေခြင်းမရှိပါဘူး၊ အာဆီယံနိုင်ငံတွေ အနက် မြန်မာ ဟာလမ်းကြောအတိုဆုံးနဲ့ ဖြေလျှော့မှု့အနည်းဆုံးဖြစ်တာကြောင့် ရှေးယခင် နစ်ပေါင်း ၄၀ ကျော်ကပင်ရှမ်းပြည်မြောက်ပိုင်းလမ်းကြောင်း ကုန်သွယ်မှုဟာ အဓိကဖြစ်ခဲ့ပြီး ဧရာ၀တီပြောင်း ဆံတွေကိုတောင်ရှမ်းပြည်ကနေ တရုတ်ကိုရောင်းချခဲ့ရတာလို့ ရှင်းပြပါတယ်။

“ဒီနှစ်က ကျနော်တို့ဒေသ မှာကိုပဲ ပြောင်းစိုက်ဧက သုံးချိုး နှစ်ချိုးလောက်လျော့တယ်၊ တိုက်ပွဲတွေ၊ မျိုးစေ့ စျေးနှုန်းမြင့်မားမှု၊ လုပ်သားစရိတ်၊ ယူရီးယားသွင်းအားစုတွေ စျေးနှုန်းမြင့်မားမှုတွေကြောင့်ရယ်ပေါ့.”လို့ ရှမ်းတောင်ပြောင်းကုန်သည်တစ်ဦးကပြောပါတယ်။

မနေ့က( ဒီဇင်ဘာ ၂) ရှမ်းတောင် အေးသာယာပြောင်းဆံ ဂိုထောင်ကတစ်ပိဿာ ၁၄၄၀ ကျပ်နဲ့ ဝယ်နေပြီး ရန်ကုန် ဒဂုံဆိပ်ကမ်းဂိုထောင်ချ စျေး ၁၆၁၀ကျပ်ရှိနေကာ အစိုဓာတ် ၁၅ဒသမ၅ အောက်နဲ့ (ပြောင်းအကောင်း ၉၀ရာခိုင်နှုန်း + မှို၊ အကျိုးအကြေနဲ့အခြားပစ္စည်း ၁၀ရာခိုင်နှုန်း) ကိုလက်ခံပြီး တွဲကားငါးစီးနဲ့အထက်ကို စျေးပိုပေးနေတယ်လို့သိရပါတယ်။

လက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားသလို မြန်မာဘက်က ပိတ်ထားပေမယ့် ဒီဇင်ဘာ ၁ရက်မှာ မူဆယ်ဆင်ဖြူပေါက်ကစားသောက်ကုန်တွေ ဖွင့်ပေးခဲ့ပြီး MNDAAထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၈ ရက်က ပြောင်းသယ်ဖို့အဓိက ဖွင့်ထားခဲ့ပြီးဖြစ်ပါတယ်။

MK 012
#MekongNews
#တရုတ်
#ဝယ်လိုအား
#မြန်မာ
#ပြောင်ဆံ
#ရှမ်းပြည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now