ကမ္ဘာ့သတင်း

ထိုင်းက ပြန်ပို့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ခြောက်ဦးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ကမ္ဘောဒီးယား စွဲချက်တင်

မဲခေါင် 29 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၉ ထိုင်းအစိုးရဟာ သူတို့နိုင်ငံအတွင်းမှာ ခိုလှုံနေတဲ့ ကမ္ဘော့ဒီးယား ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ အတိုက်အခံ ၆ ယောက်ကို နိုဝင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးပြီး ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည် ပေးအပ်ခဲ့ရာမှာ နိုဝင်ဘာ ၂၈ ရက်နေ့က ဒီ ၆ ယောက်ကို အာဏာရှင် ကမ္ဘောဒီးယားအာဏာပိုင်တွေက နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက်တင်လိုက်ကြောင်း သိရှိရပါတယ်။ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ခေါင်းဆောင်တွေ ထူထောင်ထားတဲ့ အတိုက်အခံပါတီ ခမာဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဝင် ပန်ရှန်၊ ဟောင်အန်၊ မင်းချန်သွန်၊ ယင်ချန်သူ၊ ဆိုယန်းခွန်သီယာ၊ဗွန်ချန်ရာတနာ ဆိုတဲ့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂

မဲခေါင်၊ နိုဝင်ဘာ ၂၉

ထိုင်းအစိုးရဟာ သူတို့နိုင်ငံအတွင်းမှာ ခိုလှုံနေတဲ့ ကမ္ဘော့ဒီးယား ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ အတိုက်အခံ ၆ ယောက်ကို နိုဝင်ဘာ ၂၄ ရက်မှာ ဖမ်းဆီးပြီး ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည် ပေးအပ်ခဲ့ရာမှာ နိုဝင်ဘာ ၂၈ ရက်နေ့က ဒီ ၆ ယောက်ကို အာဏာရှင် ကမ္ဘောဒီးယားအာဏာပိုင်တွေက နိုင်ငံတော် ပုန်ကန်မှုနဲ့ စွဲချက်တင်လိုက်ကြောင်း သိရှိရပါတယ်။

ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ခေါင်းဆောင်တွေ ထူထောင်ထားတဲ့ အတိုက်အခံပါတီ ခမာဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့ဝင် ပန်ရှန်၊ ဟောင်အန်၊ မင်းချန်သွန်၊ ယင်ချန်သူ၊ ဆိုယန်းခွန်သီယာ၊ဗွန်ချန်ရာတနာ ဆိုတဲ့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို ထိုင်းက ဖမ်းဆီးပြီး ကမ္ဘောဒီယားလက်အပ်လိုက်ခြင်း အပေါ် နှစ်နိုင်ငံ အာဏာရှင်အချင်းချင်း နိုင်ငံရေးအတိုက်အခံတွေ လက်လွှဲပေးရေး သဘောတူညီထားမှုအရ ထိုင်းဘက်က ပြန်လွှဲအပ်တာပါ။

ထောင်သားတွေ ပြွတ်သိပ်နေတဲ့ ကမ္ဘောဒီးယားအကျဉ်းထောင်တွေထဲမှာ ဒီ တက်ကြွလှုပ်ရှားဆန့်ကျင်သူတွေဟာ ဖေ့စ်ဘုတ်ပေါ် အစိုးရမကျေနပ်ကြောင်း ရေးသားရုံနဲ့ အနှိမ်ခံရတော့မှာ ဖြစ်ကြောင်း မဟာမိတ်အတိုက်အခံပါတီဖြစ်တဲ့ ကမ္ဘောဒီးယားအမျိုးသား ကယ်ဆယ်ရေးပါတီက ထုတ်ပြန် ကန့်ကွက်သွားပါတယ်။

၂၀၁၈ အထွေထွေရွေးကောက်ပွဲကတည်းက ကမ္ဘောဒီးယားအာဏာရ ဝန်ကြီးချုပ်ဟွမ်ဆန်ရဲ့ ပြည်သူ့ပါတီဟာ အတိုက်အခံပါတီအားလုံးကို အမြစ်ပြတ်တိုက်ဖျက်ချေမှုန်းခဲ့တာကြောင့် အားလုံး ပြည်ပကို ထွက်ပြေးတိမ်းရှောင်သူတွေ၊ ထောင်သွင်းအကျဉ်းချခံရသူတွေများစွာ ရှိခဲ့ရပါတယ်။

ဆယ်စုနှစ် ၄ ခုကြာ နိုင်ငံအာဏာကို အာဏာရှင်ဆန်ဆန်သိမ်းယူခဲ့တဲ့ ဟွမ်ဆန်ဟာ ၂၀၂၃ ထိ အုပ်စိုးခဲ့အပြီးမှာလည်း နောက်ဆုံးရွေး ကောက်ပွဲမှာလည်း သားဖြစ်သူ ဟွမ်မာနတ်ကိုပဲ ပြိုင်ဘက်မရှိအနေအထားဖြစ်အောင် ဖန်တီးပေးပြီး ရွေးကောက်ခံ ဝန်ကြီးချုပ်ဖြစ်စေခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံနေခဲ့ရတာဖြစ်ပါတယ်။

အခု ထိုင်းဘက်က လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ပြီး ကမ္ဘောဒီးယားဆီ ပြန်လည်လွှဲအပ်ပေးလိုက်တဲ့ တက်ကြွ လှုပ်ရှားသူ ၆ ယောက်ဟာ စီရင်ချက်ချမှတ်ရင် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။

Ref: asahi
MKF-001
#MeKongNews
#ကမ္ဘောဒီးယား
#အတိုက်အခံ
#ဒီမိုကရေစီ
#တက်ကြွလှုပ်ရှားသူ
#ဖမ်းဆီး
#ထိုင်းပြန်ပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now