နေ့စဥ်သတင်း

မိုင်းပန် – မိုင်းတုံလမ်းက ရှမ်းအရှေ့ကိုလာသူတွေ မိုင်းတုံစစ်ဗျူဟာခွင့်ပြုချက်ရမှ ဖြတ်သန်းရ

မဲခေါင် 24 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း ကိုလာမယ့် ဒေသခံမဟုတ်တဲ့ခရီးသွားတွေအနေနဲ့ တောင်ကြီး – မိုင်းတုံကားလမ်းကလာရင် မိုင်းတုံအခြေချစစ်ဗျူဟာရဲ့ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခွင့်ရတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေထံက သိရပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းကိုလာသူတွေထဲ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်လူမျိုးတွေအပြင် ရှမ်းပြည်မြောက်ပိုင်းက လာသူတွေပါ အခုလို ခွင့်ပြုချက်ယူနေရတာလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မြန်မာပြည်မကနေ မိုင်းဆတ်ကိုလာတဲ့ခရီးသည်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ “ကားစကတည်းက မိုင်းတုံဗျူဟာခွင့်ပြုဖို့လိုတယ်လို့ ဂိတ်ကပြောတယ်။ သံလွင်မြစ်ဂိတ်မှာ အကြာကြီး၊ မိုင်းတုံကဘယ်သူ့ သိသလဲ ဘာညာစုံနေတာပဲ၊ အဲဒီမှာ တစ်ည အိပ်လိုက်ရတယ်။ မနက်ကျမှ ရပြီဆိုပြီးလာရတာ။ ဒါတောင် ကားသမားကို ရောက်တာ သတင်းပို့ခိုင်းသေးတယ်၊ ပြီးမှ ဆက်သွားခွင့်ရတာ။ အတူလာတဲ့ကားတစ်စီးက လာတဲ့သူတွေတော့ ခွင့်ပြုချက်မရသေးလို့

မဲခေါင်၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်အရှေ့ပိုင်း ကိုလာမယ့် ဒေသခံမဟုတ်တဲ့ခရီးသွားတွေအနေနဲ့ တောင်ကြီး – မိုင်းတုံကားလမ်းကလာရင် မိုင်းတုံအခြေချစစ်ဗျူဟာရဲ့ ခွင့်ပြုချက်ရမှသာ ဖြတ်သန်းခွင့်ရတယ်လို့ ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေထံက သိရပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းကိုလာသူတွေထဲ ကိုးကန့်၊ ပလောင်နဲ့ ရခိုင်လူမျိုးတွေအပြင် ရှမ်းပြည်မြောက်ပိုင်းက လာသူတွေပါ အခုလို ခွင့်ပြုချက်ယူနေရတာလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ မြန်မာပြည်မကနေ မိုင်းဆတ်ကိုလာတဲ့ခရီးသည်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“ကားစကတည်းက မိုင်းတုံဗျူဟာခွင့်ပြုဖို့လိုတယ်လို့ ဂိတ်ကပြောတယ်။ သံလွင်မြစ်ဂိတ်မှာ အကြာကြီး၊ မိုင်းတုံကဘယ်သူ့ သိသလဲ ဘာညာစုံနေတာပဲ၊ အဲဒီမှာ တစ်ည အိပ်လိုက်ရတယ်။ မနက်ကျမှ ရပြီဆိုပြီးလာရတာ။ ဒါတောင် ကားသမားကို ရောက်တာ သတင်းပို့ခိုင်းသေးတယ်၊ ပြီးမှ ဆက်သွားခွင့်ရတာ။ အတူလာတဲ့ကားတစ်စီးက လာတဲ့သူတွေတော့ ခွင့်ပြုချက်မရသေးလို့ ကျန်နေခဲ့တယ်”လို့ သူက ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းမြို့တွေဖြစ်တဲ့ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်မြို့တွေမှာ နေထိုင်သူတွေကတော့ ဂိတ်တွေမှာ အဆင်ပြေတာကြောင့် ကားခပုံမှန်သာကောက်ခံပေမယ့် တခြားဒေသမှာနေပြီး စစ်ဆေးရေးဂိတ်မှာညှိနှိုင်းဖို့ လိုသူတွေအတွက်တော့ ကားခပိုကောက်ခံရတယ်လို့ မိုင်းဆက်-တောင်ကြီး ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ ပြသနာတက်နိုင်တဲ့ ခရီးသည်မျိုးဆိုရင်တော့ လုံးဝ မတင်ရတာလည်းရှိတယ်လို့ သူက ပြောပါတယ်။

“လပိုင်းလောက်တော့ကြာပြီ (ခွင့်ပြုချက်လိုတာ)။ ဂိတ်တင်ကတဲက တစ်ခါထဲ မေးထားရှင်းထားရတယ်။ ထားခဲ့လို့လည်း မရ၊ ပြန်ခေါက်ရလည်း အဆင်မပြေနိုင်တဲ့သူမျိုး လုံးဝမတင်ပေးပါနဲ့လို့ ပြောထားရတယ်။ သူတို့မသင်္ကာရင် ညှိတဲ့ကိုယ်ပါ ဆွဲခံရရင်မချောင်ဘူး” လို့ အဲဒီယာဉ်မောင်းက ပြောပါတယ်။

တောင်ကြီး-မိုင်းတုံ-မိုင်းဆက် လမ်းကြောင်းပေါ်မှာရှိတဲ့ သံလွင်တံတား တာဆန်းအနီးမှာထိုင်တဲ့ ခလရ ၂၉၄ ဂိတ်ကစပြီး တာဆန်းစုပေါင်းဂိတ်၊ တံတားထိပ် အဝင်အထွက်၊ တံတားအစောင့်ကျတပ်ဂိတ်တွေနဲ့ ရဲဂိတ်တွေမှာ မသင်္ကာရင် ကားနဲ့အတူ ခရီးသည်ကို ဓာတ်ပုံရိုက်ယူထားတယ်လို့ အဲဒီလမ်းကြောင်းမှာ သွားလာနေသူတွေက ပြောပါတယ်။

တောင်ကြီးကနေ ရှမ်းပြည်အရှေ့ပိုင်းမြို့တွေကို လာရင် ၃၈၃ မိုင်ရှိတဲ့ တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်းနဲ့ ၃၂၄ မိုင်ရှိတဲ့ တောင်ကြီး- မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်ဆိုပြီး လမ်းကြောင်း ၂ ကြောင်းရှိပြီး ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့မှာ လမ်းခွဲတာ ဖြစ်ပါတယ်။

အဲဒီလမ်းကြောင်းတွေအနက် တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းကြောင်းက လာသူတွေအတွက် ရှမ်းပြည်အရှေ့ပိုင်းအဝင်ဖြစ်တဲ့ တာကော်တံတားမှာ စစ်တပ်ခွင့်ပြုချက် မလိုဘူးပေမယ့် တောင်ကြီး- မိုင်းတုံ-မိုင်းဆတ် လမ်းကြောင်းမှာတော့ တာဆန်းတံတားမှာ အခုလို မိုင်းတုံစစ်ဗျူဟာရဲ့ ခွင့်ပြုချက်လိုအပ်နေတာဖြစ်လို့ ခရီးသည်တွေ အခက်အခဲဖြစ်နေတယ်လို့ ခရီးသွားလာသူတွေက ပြောပါတယ်။

“မိုင်းဆတ်မှာနေတာ၊ ကိုင်ထားတာက ၅/ (စစ်ကိုင်းတိုင်းမှတ်ပုံတင်) ဆိုတော့ ခဏခဏ စစ်ခံမေးခံနေရတာ။ တောင်ကြီးအထွက် ဂိတ်တွေထဲက အမေးခံနေရတာ၊ နေထိုင်ကြောင်း ထောက်ခံချက်တွေကိုတောင် သေချာစစ်တယ်။ နေတာဘယ်လောက်ကြာပြီလဲကစ မေးလို့ ခုအိမ်သားတွေ ခရီးသွားရင် အိမ်ထောင်စုဇယားမိတ္တူပါ ယူသွားကြတယ်”လို့ မိုင်းဆတ်မြို့မှာ အခြေချနေသူတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်အရှေ့ပိုင်းဒေသတွေကို လာရောက်တဲ့လမ်းမှာ ဘာကြောင့် အခုလိုစစ်ဆေးတယ်ဆိုတာကို ဒေသခံတွေအနေနဲ့ သေချာစွာ မသိရပါဘူး။ ရှမ်းအရှေ့ဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ‘ဝ’ တောင်ပိုင်း UWSA စစ်ဒေသ ၁၇၁၊ NDAA မိုင်းလားနဲ့ RCSS စစ်စခန်းနဲ့ လှုပ်ရှားနယ်မြေတွေရှိပြီး ထိုင်းနယ်စပ်မြို့တွေနဲ့ နီးစပ်ထိကပ်နေတဲ့ ပထဝီဝင်အနေအထားရှိတဲ့ ဒေသဖြစ်ပါတယ်။

ပုံအညွှန်း – တာဆန်းဂိတ်ပုံဟောင်း
MK – 012
#MeKongNews
#မိုင်းတုံ
#မိုင်းဆတ်
#တာဆန်းဂိတ်
#မိုင်းတုံအခြေချစစ်ဗျူဟာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now