နေ့စဥ်သတင်း

မိုင်းတုံဘက်မှာ စစ်မှုထမ်းဖို့ အဓမ္မဆွဲခံနေရ၊ လူစားထိုးဖို့ ကျပ်သိန်း ၈၀ ထိ ပေါက်ဈေးရှိ

မဲခေါင် 24 Nov - 2024
မိုင်းတုံဘက်မှာ စစ်မှုထမ်းဖို့ အဓမ္မဆွဲခံနေရ၊ လူစားထိုးဖို့ ကျပ်သိန်း ၈၀ ထိ ပေါက်ဈေးရှိ မဲခေါင်၊ နိုဝင်ဘာ၂၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်က ထိုင်း-မြန်မာနယ်စပ် ပုံပါကျင်မြို့မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်က ပြန်လာတဲ့ ဒေသခံတွေကိုစစ်မှုထမ်းဖို့ အဓမ္မဆွဲခံနေကြရပြီး လူစားထိုးရင် ကျပ်သိန်း ၈၀ အထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က(နိုဝင်ဘာ ၂၃) ညနေပိုင်းမှာ ကြက်သွန်ဖြူစိုက်ဖို့ လယ်ပြင်ရာက ပြန်လာတဲ့မိသားစုထဲမှ လူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အဓမ္မဆွဲခေါ်သွားတယ်လို့ ပုံပါကျင်ဒေသခံတစ်ဦးက ပြောပါတယ်။ “ဘယ်လိုမှပြောမရ တောင်းပန်လို့မရဘူး၊ ရပ်ရွာလူကြီးကလည်း မတတ်နိုင်ဘူး၊ လူမရလို့ ဖမ်းတာတဲ့၊ သူတို့ကို ရွေးဖို့ သိန်းရာချီလည်း မတတ်နိုင်ဘူးကြဘူး၊ အခြားသူတွေလည်း ဆွဲခံရတာတွေရှိတယ်” လို့

မိုင်းတုံဘက်မှာ စစ်မှုထမ်းဖို့ အဓမ္မဆွဲခံနေရ၊
လူစားထိုးဖို့ ကျပ်သိန်း ၈၀ ထိ ပေါက်ဈေးရှိ

မဲခေါင်၊ နိုဝင်ဘာ၂၄

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်က ထိုင်း-မြန်မာနယ်စပ် ပုံပါကျင်မြို့မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင်က ပြန်လာတဲ့ ဒေသခံတွေကိုစစ်မှုထမ်းဖို့ အဓမ္မဆွဲခံနေကြရပြီး လူစားထိုးရင် ကျပ်သိန်း ၈၀ အထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၂၃) ညနေပိုင်းမှာ ကြက်သွန်ဖြူစိုက်ဖို့ လယ်ပြင်ရာက ပြန်လာတဲ့မိသားစုထဲမှ လူငယ်တစ်ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အဓမ္မဆွဲခေါ်သွားတယ်လို့ ပုံပါကျင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘယ်လိုမှပြောမရ တောင်းပန်လို့မရဘူး၊ ရပ်ရွာလူကြီးကလည်း မတတ်နိုင်ဘူး၊ လူမရလို့ ဖမ်းတာတဲ့၊ သူတို့ကို ရွေးဖို့ သိန်းရာချီလည်း မတတ်နိုင်ဘူးကြဘူး၊ အခြားသူတွေလည်း ဆွဲခံရတာတွေရှိတယ်” လို့ ဒေသခံက မဲခေါင်ကို ပြောပါတယ်။

ပုံပါကျင် ရပ်ကွက် ၄ ရပ်ကွက်က စစ်မှုထမ်းအပတ်စဉ်တိုင်း အချိုးကျငွေထည့်ပြီး လူငှားထည့်လို့ရခဲ့ပေမယ့် ခုအပတ်စဉ်အတွက် လူရှာမရလို့ ပေါ်တာဆွဲနေတာလို့ မိုင်းတုံဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

“စာရင်းပါလို့ စစ်မှုထမ်းခေါ်စာ ရောက်လာတယ်၊ လူငှားထည့်ရင် သိန်း ၈၀ ရှိတယ်ပြောပေမယ့် လူစားမရရင် ကိုယ်တိုင်လိုက်ရမယ်ပြောတယ်။ အရင်က ထိုင်းထဲပြေးပြီးပြီ၊ ရှေ့ကခေါ်တာတွေမှာ မပါလို့ အေးဆေးပဲထင်တာ၊ ခု ဘာလုပ်ရမှန်း မသိတော့ဘူး” လို့ သူကပြောပါတယ်။

အဓမ္မလူစုခံရသူတွေကို ဖုန်းတွေကအစ သိမ်းဆည်းထားကာ မိသားစုအသိမိတ်ဆွေတွေနဲ့ ဆက်သွယ်ခွင့်မပေးဘဲ စစ်တပ်အချုပ်တွေမှာ တရားခံတွေလို ချုပ်ထားပြီး ကျိုင်းတုံစစ်လေ့ကျင့်ရေးတပ်ကို ပို့သွားမယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

လက်ရှိမှာ မိုင်းတုံမြို့နယ်၊ နားကောင်းမူးက ခလရ(၆၅) မှာ ပုံပါကျင်ဘက်ကဖမ်းဆီးခံထားရသူတွေကို ချုပ်ထားပြီး မိုင်းတုံမှာတော့ တကရ (၆၀၀၃) တပ်နယ်မှာ လူစုနေတယ်လို့သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးပိုင်းကတော့ စစ်မှုထမ်းအကျုံးဝင်သူတွေကို စာရင်းအရခေါ်သွားမှာဖြစ်ပြီး ရှောင်လွှဲပါက ဥပဒေအတိုင်း အရေးယူသွားမယ်လို့ လူထုကို ပြောဆိုနေကြောင်း သိရပါတယ်။

ရှမ်းပြည်၊ အရှေ့ပိုင်း ထိုင်းနယ်စပ် မြို့ပေါ်နဲ့ကျေးရွာတွေမှာ စစ်ကောင်စီက အဓမ္မလူသစ်စုနေလို့ လူငယ်တွေ မရှိသလောက်ဖြစ်နေပြီး စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံတွေအတွက် မိသားစုတွေ တကွဲတပြားနဲ့စားဝတ်နေရေး အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သေ၊ ပြေး၊ လက်နက်ချ၊ ဖမ်းခံ၊ ဒဏ်ရာရ စတဲ့ အကြောင်းအမျိုးမျိုးနဲ့ အင်အားလျော့လာတာကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ပြီး ပြည်သူတွေကို အတင်းအဓမ္မ လူသစ်စုဆောင်းနေတာ ဖြစ်ပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်မြေပြင်တွေဆီ တိုက်ရိုက်ပို့ဆောင်နေလို့ သေဆုံး ဒဏ်ရာရသူ၊ ထွက်ပြေးသူ၊ လက်နက်ချသူတွေ များပြားနေတယ်လို့ သိရပါတယ်။

MK – 012
#MeKongNews
#စစ်မှုထမ်း
#အဓမ္မစစ်သားစုဆောင်း
#ပုံပါကျင်
#မိုင်းတုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now