မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ပင်လောင်းမြို့ နယ်၊ ပူချယ်ရွာက စစ်ဘေးရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးထားတာ ခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ပူချယ်ရွာ၊ ကုန်းဆုံရွာ၊ လုံကာရွာနဲ့ ဖယ်ခုံမြို့ပေါ်ကပြည်သူတွေဖြစ်ပြီး လူဦးရေအများဆုံးက ပူချယ်ရွာက ပြည်သူတွေ၊ ပအိုဝ်းလူမျိုးအများဆုံးလို့ သိရပါတယ်။
“11.11.2024 ရက်နေ့မှာ ဖမ်းဆီးသွားတာပါ။ ယောင်္ကျား မိန်းမ ပျိုပျို အိုအို လေဖြတ်သူပါမချန် အကုန်ဖမ်းခေါ်သွားတာပါ။ လေဖြတ်ပြီးသွားလာလို့မရတဲ့ သက်ကြီးရွယ်အို တစ်ဦးမှလွဲ၍ ပစ္စည်းဥစ္စာ ကား ဆိုင်ကယ်တွေ တစ်ခုမှယူဆောင်သွားခွင့်မပြုပါ၊ လယ်စပါးရိတ်သိမ်းရန် လယ်ထဲမှာနေကြတဲ့ ဒေသခံပြည်သူများနဲ့ စစ်ဘေးရှောင်များ ဖမ်းဆီးခံရတာပါ” လို့ တော်လှန်ရေး ထောက်ပို့ တပ်ဖွဲ့ဝင်တစ်ဦးက လူမှုကွန်ရက်ကတဆင့် ယနေ့ နိုဝင်ဘာ၁၅ ရက် နေ့လယ်ပိုင်းက ပြောကြားလာပါတယ်။
ဖမ်းဆီးခံရတဲ့ထဲက ၁၀ ယောက်ဝန်းကျင်လောက်ကို စကစနဲ့ PNOတွေက ခေါ်ယူ စစ်ဆေးမေးမြန်းတာရှိပြီးကျေးရွာအတွင်းမှာ PDF ထဲဝင်သွားတဲ့ လူငယ်တွေ ရှိ မရှိ၊ စစ်ဘေးရှောင်နေစဥ် စားနပ်ရိက္ခာတွေ လာရောက်ကူညီလှူဒါန်းတာ ရှိ မရှိ မေးမြန်းတယ်လို့ သိရပါတယ်။
“ဖုန်းပြောရတာတော့ ညှင်းပန်းနှိပ်စက်တာမရှိဘူး၊ ဆွေမျိုးသားချင်းတွေလည်း တွေ့ခွင့်ရတယ်၊ ထမင်းလည်း ကျွေးတယ်ပြောတယ်” လို့ ဟိုပုန်းမှာနေထိုင်တဲ့ ပူချယ်ရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေကို ပင်လောင်းမြို့နယ်ခန်းမ အားကစားရုံမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ PNO ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းနဲ ဖယ်ခုံမြိုနယ်တွေအတွင်းစစ်ကြောင်းထိုးနေတာဖြစ်ပြီး ကျေးရွာတွေကို မီးရှို့တာ၊ စပါးတွေကို အဓမ္မရိတ်သိမ်းတာတွေအပြင် လက်နက်ကြီး၊ လေယာဥ်တွေနဲ့တိုက်ခိုက်နေတာသာမက ခုလိုရွာဒေသခံတွေကို ရွာလုံးကျွတ်ဖမ်းဆီးထားနေတာဖြစ်ပါတယ်။
MK – 012
#MekongNews
#စစ်ကောင်စီ
#PNO
#ဒေသခံ၂၀၀
#ဖမ်ဆီး
#ပြန်မလွှတ်သေး








