မဲခေါင် ၊ နိုဝင်ဘာ ၁၂
ရှမ်းမြောက် က TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့လယ်က လန်းဆန်း လက် ဖက်ရည်ဆိုင်ပေါ်တည့်တည့်ကို စစ်ကောင်စီက ပေါင် (၅၀၀) ဗုံးကြဲချလို့ ဆိုင်ထိုင်သူ၊ ခရီးသည်၊ ကားသမားအများ အပြားသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရ ကနဦးသိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၂ ရက်၊ နေ့လယ် ၂း၃၀ မှာ နောင်ချိုမြို့လယ်ခေါင်က လက်ဖက်ရည်ဆိုင်တည့်တည့်ကို စစ်ကောင်စီက လေကြောင်း ကြဲချတိုက်ခိုက်ခဲ့လို့ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေ၊ အနီးနားက ခရီးသည်ကားတွေ ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူ ဆယ်ချီ များပြားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
သေဆုံး၊ ဒဏ်ရာရ အသေးစိတ်ကို TNLA က ထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူကိုလည်း ဆက်သွယ်မေးမြန်းနေဆဲပါ။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး ၃ လုံးနဲ့ အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် ဗုံး ၂လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ လူ ၉ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရကာနေအိမ် ၁၀ ထက်မနည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
MK-012
#MeKongNews
#နောင်ချို
#မြို့လယ်
#လန်းဆန်း
#လက်ဖက်ရည်ဆိုင်
#စစ်ကောင်စီ
#ဗုံးကြဲ
ဓါတ်ပုံ- ဒီနေ့နေ့လယ်က နောင်ချိုမြို့လယ်ခေါင်က လန်းဆန်းလက်ဖက်ရည်ဆိုင် ဗုံးကြဲခံရမှု မြင်ကွင်း (Photos- နောင်ချို-Nawnghkio








