နေ့စဥ်သတင်း

တောင်ကြီးတန်ဆောင်တိုင်ပွဲ အာဏာသိမ်းခေါင်း‌ဆောင်လာရောက်မယ်လို့သတင်းထွက်၊ လုံခြုံရေးတင်းကြပ်နေ

မဲခေါင် 9 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၉ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲကာလအနီး မြို့တွင်း၊ မြို့ပြင် နေရာအနှံ့အပြားမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ စစ်ခေါင်းဆောင်လာရောက်မှာဖြစ်လို့ လုံခြုံရေးတင်းကြပ်နေတာလို့ မြို့ခံတွေက ယူဆကြပါတယ်။ စစ်ကောင်စီက ဖိအားပေး ကျင်းပခိုင်းတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ဒီနေ့ည (နိုဝင်ဘာ ၉) မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် နိုဝင်ဘာ ၁၁ ရက်ညကို ရွှေ့ဆိုင်းလိုက်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။ စစ်ခေါင်းဆောင် လာရောက်မယ့် ပွဲတော်ကာလအနီး အေးသာယာမြို့မှာ လက်နက်‌တွေဖမ်းမိတာကြောင့် လုံခြုံရေးအတွက် ပွဲတော်ရက် ရွှေ့ဆိုင်းတာ ဖြစ်နိုင်သလို ရာသီဥတုကြောင့် ရွှေ့ဆိုင်းတာလို့လည်း မြို့ခံတွေက ပြောဆိုနေကြပါတယ်။ “မအလ (မင်းအောင်လှိုင်) လာမယ်ဆိုလို့ ခြေရှုတ်နေကြတာ၊

မဲခေါင်၊ နိုဝင်ဘာ ၉

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်ပွဲကာလအနီး မြို့တွင်း၊ မြို့ပြင် နေရာအနှံ့အပြားမှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေပြီး အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

စစ်ခေါင်းဆောင်လာရောက်မှာဖြစ်လို့ လုံခြုံရေးတင်းကြပ်နေတာလို့ မြို့ခံတွေက ယူဆကြပါတယ်။

စစ်ကောင်စီက ဖိအားပေး ကျင်းပခိုင်းတဲ့ တန်ဆောင်တိုင်ပွဲတော်ကို ဒီနေ့ည (နိုဝင်ဘာ ၉) မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် နိုဝင်ဘာ ၁၁ ရက်ညကို ရွှေ့ဆိုင်းလိုက်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။

စစ်ခေါင်းဆောင် လာရောက်မယ့် ပွဲတော်ကာလအနီး အေးသာယာမြို့မှာ လက်နက်‌တွေဖမ်းမိတာကြောင့် လုံခြုံရေးအတွက် ပွဲတော်ရက် ရွှေ့ဆိုင်းတာ ဖြစ်နိုင်သလို ရာသီဥတုကြောင့် ရွှေ့ဆိုင်းတာလို့လည်း မြို့ခံတွေက ပြောဆိုနေကြပါတယ်။

“မအလ (မင်းအောင်လှိုင်) လာမယ်ဆိုလို့ ခြေရှုတ်နေကြတာ၊ ပွဲရက်လည်း ရွှေ့ရတယ်၊ အသိသာကြီးကို၊ အရင်နှစ်တွေက အဲ့လောက်မှ မကြပ်တာ” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

အတည်မပြုနိုင်တဲ့သတင်းအရ အေးသာယာမှာလက်နှက်တွေဖမ်းမိတာနဲ့ပါတ်သက်ပြီး ဆက်စပ်တရားခံအဖြစ် ၂/ မှတ်ပုံတင်ကိုင်ဆောင်သူ ကရင်နီတိုင်းရင်းသား ၁၂ ဦး ဖမ်းမိထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီးစစ်ကောင်စီအနေနဲ့ အတည်ပြုထုတ်ပြန်ထားတာမရှိသေးပါဘူး။

ဝောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ၂/ တွေတိုက်ခိုက်နိုင်တယ်လို့ယူဆချက်နဲ့ အခုလည်း တောင်ကြီးမြို့တွင်းရပ်ကွက်တွေနဲ့ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင်းက ရပ်ကွက်တွေမှာ ၂/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်မှာလည်း ပတ်ရှာနေလို့ ခြေငြိမ်နေရတယ်၊ အခုက အိမ်ငှားတွေကို အဓိကထားစစ်ပြီး ဧည့်စာရင်းမတိုင်ထားရင် အိမ်ရှင်ကိုပါ ဆွဲမယ့်သဘော” လို့ အေးသာယာမြို့ခံ တစ်ဦးက ပြောပါတယ်။

၂/ မှတ်ပုံတင် ကိုင်ဆောင်သူတွေအနေနဲ့ ခရီးထွက်တာ၊ ခဏတဖြုတ် နေရပ်ပြန်တာတွေ ကြုံခဲ့ရရင် ရပ်ကွက်ရုံးကို အရင်ဆုံး သတင်းပို့ရမှာဖြစ်ပြီး ပြန်ရောက်လာရင်လည်း အချိန်မီ အကြောင်းကြားပေးရမယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်လောက်ကစပြီး တောင်ကြီးမြို့ လဒကုန်း၊ အဓိက လမ်းမကြီးနေရာတွေနဲ့ လမ်းဆုံလမ်းခွနေရာတွေအပြင် တန်ဆောင်တိုင်ပွဲကျင်းပတဲ့ အဝေရာမီးပုံးပျံကွင်း အနီးတဝိုက်မှာလည်း လုံခြုံရေးတွေ ချထားပါတယ်။

အရင်နှစ်တန်ဆောင်တိုင်ပွဲတွေတုန်းက လိုင်စင်မဲ့ယာဉ်အားလုံးကို စီးနင်းခွင့်ပြုထားပေမယ့် ဒီနှစ်မှာတော့ ပွဲအနီးတဝိုက် ဧရိယာအတွင်း စီးနင်းခွင့် မပြုသလို အောက်တိုဘာလ နောက်ဆုံးပတ်ကတည်းက လိုင်စင်မဲ့ယာဉ်တွေကို တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now