နေ့စဥ်သတင်း

ရခိုင်ပြည်နယ်မှစစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးဖြစ်ပွားမှုများနေ

မဲခေါင် 12 Nov - 2021
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသူများကို ရာသီတုပ်ကွေးကူးစက်မှုမြင့်တက်နေသည်။ ကျော်တော်မြိုမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို ရောဂါလက္ခဏာများ ခံစားနေရသူ အများအပြားရှိသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။ စစ်ရှောင်မိသားစုတစုတိုင်းတွင် တယောက်အနည်းဆုံး ရာသီတုပ်ကွေးကူစက်နေပြီး စခန်းများတွင် လူကြပ်သိပ်နေသဖြင့် ကူးစက်မှုပိုများလာသည်ဟုလည်း ပြောသည်။ တလလျှင် ၃ ကြိမ် စစ်ရှောင်များကိုသင့်လျော်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရေး စခန်းများတွင် ဆေးခန်းများဖွင့်ရန် အာဏာပိုင်များက ကျန်းမာရေးဌာနကို ညွှန်ကြားထားသော်လည်း မြေပြင်မှ စစ်ရှောင်များကို လုံလောက်သောကျန်းမာရေးဝန်ဆောင်မှုများပေးရန် ကျန်းမာရေးဝန်ထမ်းများရုန်းကန်နေရသည်။ “ ကျန်းမာရေးဌာနအနေနဲ့ ရာသီတုပ်ကွေးဖြစ်နေတဲ့စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးစေချင်တယ်။ ကူးစက်မှုကြောင့် ရုန်းကန်နေရတဲ့စစ်ရှောင်တွေဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရကြပါဘူး” ဟု ကိုခိုင်မျိုးအောင်က ဖြည့်စွက်ပြောဆိုသည်။ သက်ဆိုင်ရာမြိုနယ်များရှိစစ်ရှောင်စခန်းများမှလူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး တပတ်လျှင် ၂

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ကြသူများကို ရာသီတုပ်ကွေးကူးစက်မှုမြင့်တက်နေသည်။

ကျော်တော်မြိုမှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာမွှန်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို ရောဂါလက္ခဏာများ ခံစားနေရသူ အများအပြားရှိသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

စစ်ရှောင်မိသားစုတစုတိုင်းတွင် တယောက်အနည်းဆုံး ရာသီတုပ်ကွေးကူစက်နေပြီး စခန်းများတွင် လူကြပ်သိပ်နေသဖြင့် ကူးစက်မှုပိုများလာသည်ဟုလည်း ပြောသည်။

တလလျှင် ၃ ကြိမ် စစ်ရှောင်များကိုသင့်လျော်သည့်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရေး စခန်းများတွင် ဆေးခန်းများဖွင့်ရန် အာဏာပိုင်များက ကျန်းမာရေးဌာနကို ညွှန်ကြားထားသော်လည်း မြေပြင်မှ စစ်ရှောင်များကို လုံလောက်သောကျန်းမာရေးဝန်ဆောင်မှုများပေးရန် ကျန်းမာရေးဝန်ထမ်းများရုန်းကန်နေရသည်။

“ ကျန်းမာရေးဌာနအနေနဲ့ ရာသီတုပ်ကွေးဖြစ်နေတဲ့စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးစေချင်တယ်။ ကူးစက်မှုကြောင့် ရုန်းကန်နေရတဲ့စစ်ရှောင်တွေဟာ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရကြပါဘူး” ဟု ကိုခိုင်မျိုးအောင်က ဖြည့်စွက်ပြောဆိုသည်။

သက်ဆိုင်ရာမြိုနယ်များရှိစစ်ရှောင်စခန်းများမှလူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး တပတ်လျှင် ၂ ကြိမ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်စီစဉ်နေကြောင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ လက်ရှိတော့ ကျန်းမာရေးဝန်ထမ်းတွေလည်း COVID-19 ကာကွယ်ဆေးထိုးပေးနေကြတော့ စစ်ရှောင်စခန်းတွေသွားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်တာဖြစ်နိုင်ပါတယ်”  ဟုလည်း ဒေါက်တာစိုးဝင်းပိုင်က ရှင်းပြသည်။

စစ်ရှောင်စခန်းများမှ ရာသီတုပ်ကွေးကူးစက်ခံထားရသူများသည် ဆေးရုံများ၊ ဒေသဆေးခန်းများတွင် ကုသမှုခံယူရန် ငွေမရှိသောကြောင့် နီးစပ်ရာဆေးဆိုင်များမှ စပ်ဆေးများကို အားကိုးနေရသည်ဟု မြောက်ဦးမြိုနယ်ရှိ ပိပယင်စစ်ရှောင်စခန်းမှ ဦးသိန်းကျော်မရ ကပြောသည်။

“ ကျွန်မဆို ရာသီတုပ်ကွေးကူးပြီးတော့ အိပ်ရာထဲကလည်းမထနိုင်ဘူး။ ဆေးလည်းမဝယ်နိုင်ဘူး။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရအရာရှိကြီးတွေအနေနဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်အောင် လုပ်ပေးကြဖို ကျွန်မတိုက်တွန်းလိုပါတယ်ရှင့်”  ဟု မြောက်ဦးမြိုရှိ မြတဒေါင်းစစ်ရှောင်စခန်းမှစစ်ရှောင်အမျိုးသမီးတယောက်ကပြောသည်။

လူကြီးများနှင့် ကလေးငယ်များသည် ရာသီတုပ်ကွေးကူးစက်မှုအကြုံရနိုင်ဆုံးသူများဖြစ်ကြောင်း စခန်းတာဝန်ခံများကပြောသည်။

စစ်ရှောင်စခန်းများတွင် အစားအစာပြတ်လပ်မှုများလည်းရှိနေသည်။

မိုးအကုန်၊ ဆောင်းအကူးတွင် ရာသီတုပ်ကွေးအဖြစ်များပြီး ကိုယ်ခံအားနည်းသူများကို ကူးစက်လွယ်ကြောင်း စစ်တွေမြိုရှိဝေဘူလဆေးခန်းမှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမျိုးညွန့်ကပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း

📻 မဲခေါင်သတင်းဌာနက သတင်းနဲ့ အစီအစဉ်တွေကို ဖက်ဒရယ် FM မှာ မြန်မာ (ဗမာ) ဘာသာ၊ ရှမ်းဘာသာတွေနဲ့ နားဆင်နိုင်ပါတော့မယ်

မဲခေါင်သတင်းဌာနဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတင်းတွေကို အဓိကထား တင်ဆက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။
နေ့စဥ်သတင်း

တာချီလိတ် တံတား လဝက အကြောင်းအမျိုးမျိုးပြပြီး အပိုငွေတောင်းနေ

မဲခေါင်၊ မတ် ၂၂ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ ပြန်ဖွင့်ပြီးနောက် ဖြတ်သန်းသွားလာသူတွေထဲကနေ တံတား လဝကတွေက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုပြီး အကြောင်းအမျိုးမျိုးပြကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ခရမ်းမှာ အုတ်မြစ်ချစဥ်​ မြေပြိုကျလို့အမျိုးသားနှစ်ဦးဆေးရုံရောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။ ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now