နေ့စဥ်သတင်း

တောင်ကြီး မောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို စစ်ကောင်စီ အတင်းဖယ်ရှားခိုင်

မဲခေါင် 3 Dec - 2021
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်း‌ဘေး၊ စဝ်စံထွန်းရပ်ကွက်ရှိ မောချယ်ရီယာဉ်ရပ်နားစခန်း ဆိုင်ခန်းများကို အာဏာသိမ်း စစ်ကောင်စီက အတင်းဖယ်ရှားခိုင်းသဖြင့် ယင်းဆိုင်ခန်းများကို မှီခိုနေရသည့် ပြည်သူ ၆၀၀ကျော် အခက်ကြုံနေရကြောင်း သိရသည်။ အဆိုပါမောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ဒီဇင်ဘာလ ၆ရက်၌ အကြောင်းကြားစာ ကပ်မည်ဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ စိုးရိမ်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆိုင်ခန်းများကိုယ်စားလှယ် တာဝန်ခံတစ်ဦးက ပြောသည်။ ” ၆ရက်နေ့မှာ အကြောင်းကြားစာ လာကပ်မယ်လို့ တပ်ထဲကပြောလာတယ်။ ချက်ချင်း‌ကြီးရွေ့ပြောင်းဖို့က အခက်အခဲရှိလို့ အကြောင်းကြားစာ လာကပ်မယ့်ကိစ္စကို ဆိုင်ခန်းရှင်တွေအားလုံး လက်မှတ်ထိုးပြီး အထက်အဆင့်ဆင့်ကို အသနားခံစာ တင်ပြတောင်းဆိုထားပေမယ့် အတင်းဖယ်ရှားခံရမယ့် အခြေအနေ ဖြစ်နေတယ်။ ဒီဆိုင်ခန်းတွေကို မှီခိုနေကြတဲ့

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပါတ်လမ်း‌ဘေး၊ စဝ်စံထွန်းရပ်ကွက်ရှိ မောချယ်ရီယာဉ်ရပ်နားစခန်း ဆိုင်ခန်းများကို အာဏာသိမ်း စစ်ကောင်စီက အတင်းဖယ်ရှားခိုင်းသဖြင့် ယင်းဆိုင်ခန်းများကို မှီခိုနေရသည့် ပြည်သူ ၆၀၀ကျော် အခက်ကြုံနေရကြောင်း သိရသည်။

အဆိုပါမောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ဆောက်လုပ်ရေး၀န်ကြီးဌာနမှ ဒီဇင်ဘာလ ၆ရက်၌ အကြောင်းကြားစာ ကပ်မည်ဖြစ်သည့်အတွက် ဆိုင်ခန်းရှင်များ စိုးရိမ်နေရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆိုင်ခန်းများကိုယ်စားလှယ် တာဝန်ခံတစ်ဦးက ပြောသည်။

” ၆ရက်နေ့မှာ အကြောင်းကြားစာ လာကပ်မယ်လို့ တပ်ထဲကပြောလာတယ်။ ချက်ချင်း‌ကြီးရွေ့ပြောင်းဖို့က အခက်အခဲရှိလို့ အကြောင်းကြားစာ လာကပ်မယ့်ကိစ္စကို ဆိုင်ခန်းရှင်တွေအားလုံး လက်မှတ်ထိုးပြီး အထက်အဆင့်ဆင့်ကို အသနားခံစာ တင်ပြတောင်းဆိုထားပေမယ့် အတင်းဖယ်ရှားခံရမယ့် အခြေအနေ ဖြစ်နေတယ်။ ဒီဆိုင်ခန်းတွေကို မှီခိုနေကြတဲ့ လူ၆၀၀ကျော်က ဒီကိစ္စကိုပဲ စိုးရိမ်ထိတ်လန့်နေရတာ။ ဈေးတည်ရှိနေသရွေ့  ဖွင့်လှစ်ရောင်းချခွင့် ရမယ်လို့ စာချုပ်ထဲမှာ ပါပေမယ့် အခုကြတော့ အတင်းဖယ်ခိုင်းနေတာ”  ဟု ၎င်းက ‌ပြောသည်။

အဆိုပါဆိုင်ခန်းများကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် တပ်ရင်းတပ်ဖွဲ့ပိုင် မြေနေရာပေါ်တွင် အပျောက်ငွေ စနစ် ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး၊ မောချယ်ရီယာဉ်ရပ်နားစခန်းရှိ ဆိုင်ခန်းများသည် အခြားသော တပ်ရင်း၊ တပ်ဖွဲ့ပိုင်များရှိ ဆိုင်ခန်းများနှင့် မတူဘဲ မူလ စာချုပ်ပါ စည်းကမ်းချက်များတွင် အချိန်ကာလ သတ်မှတ်ချက် မရှိဘဲ စျေးတည်ရှိသရွေ့ ရောင်းချခွင့် ရှိသည်ဟူသော အချက်လည်း ပါ၀င်ကြောင်း သိရသည်။

ရှမ်းမလေးဂိတ်၏ မြောက်ဘက်ခြမ်း အတွင်းဘက်ပိုင်းများနှင့် ဆေးတပ်ရင်း၊ လမ်းအရှေ့ဘက် မင်းလမ်းဘက် ထွက်သော လမ်းကြားရှိ ဆိုင်ခန်းများသည် GE တပ်ပိုင် ဆိုင်ခန်းများ ဖြစ်ကြပြီး အဆိုပါ ဆိုင်ခန်းများသည် သက်ဆိုင်ရာတပ်၊ ဌာနဆိုင်ရာအဆင့်ဆင့်ကို အသနားခံစာ အသီးသီး တင်ပြထားသော်လည်း အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာမရရှိကြောင်း သိရသည်။

ယင်းမောချယ်ရီယာဉ်ရပ်နားစခန်းတွင် ဆိုင်ခန်းပေါင်း ၁၇၃ ခန်းကို ‌ဆိုင်ခန်းရှင်၊ အလုပ်သမားများ၊ လက်လုပ်လက်စား၊ ကျောင်းသား သက်ကြီးရွယ်အို၊ မိသားစု လူဦးရေပေါင်း ၆၀၀ကျော် မှီခိုနေပြီး အနီးပြေး၊ အဝေးပြေး ယာဉ်လိုင်း ကားဂိတ်ပေါင်း ၂၀ ကျော် ရှိကြောင်းနှင့် ယင်းဆိုင်ခန်းများ ဖယ်ရှားခံရပါက ပြည်သူ ၆၀၀ကျော် စားဝတ်နေရေးနှင့် နေထိုင်ရေး ခက်ခဲသွားမည် ဖြစ်ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း

📻 မဲခေါင်သတင်းဌာနက သတင်းနဲ့ အစီအစဉ်တွေကို ဖက်ဒရယ် FM မှာ မြန်မာ (ဗမာ) ဘာသာ၊ ရှမ်းဘာသာတွေနဲ့ နားဆင်နိုင်ပါတော့မယ်

မဲခေါင်သတင်းဌာနဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က သတင်းတွေကို အဓိကထား တင်ဆက်နေတဲ့ ရှမ်းပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်ပါတယ်။
နေ့စဥ်သတင်း

တာချီလိတ် တံတား လဝက အကြောင်းအမျိုးမျိုးပြပြီး အပိုငွေတောင်းနေ

မဲခေါင်၊ မတ် ၂၂ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား-၁ ပြန်ဖွင့်ပြီးနောက် ဖြတ်သန်းသွားလာသူတွေထဲကနေ တံတား လဝကတွေက သတ်မှတ်ထားတဲ့ ငွေကြေးထက်ပိုပြီး အကြောင်းအမျိုးမျိုးပြကာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းကိုစွန့်ခွာပြီး ကြုံရာလုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီရှိလာ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ် ဝင်ရောက် လုပ်ကိုင် နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိလာတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

အရက်နဲ့ ဝမ်းနှုတ်ဆေးပုလင်း မှားသောက်မိတဲ့ စစ်သားတစ်ယောက် ရန်ကုန်ဆေးရုံကြီးရောက်

မဲခေါင်၊ မတ် ၁၉ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရဲစခန်းအနီး ကင်းတာဝန်ကျနေတဲ့ စစ်သား တစ်ယောက် အရက်ပုလင်းနဲ့ ဝမ်းနှုတ်ဆေး ပုလင်း မှားသောက်မိလို့ ညတွင်းချင်း ရန်ကုန်ဆေးရုံကြီးသို့ စစ်ကားနဲ့ ပို့ပေးလိုက်ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မှုခင်းသတင်း

တာချီလိတ်မှာတရုတ်ဂိုဏ်းတွေရုပ်ရှင်ဆန်ဆန်ပြန်ပေးဆွဲပြန်

တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူစည်ကားတဲ့လမ်းမကြီးပေါ်မှာ တရုတ်လူမိုက်ဂိုဏ်းတွေက လူတစ်ယောက်ကို ရုပ်ရှင်ကားဆန်ဆန်ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ခရမ်းမှာ အုတ်မြစ်ချစဥ်​ မြေပြိုကျလို့အမျိုးသားနှစ်ဦးဆေးရုံရောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ၁၂ ရပ်ကွက်၊ ဦးညီလှလမ်းတွင် အဆောက်အဦးဆောက်လုပ်ရန်အတွက် အုတ်မြစ်ချနေစဥ် မြေပြိုကျမှု ဒီကနေ့မနက် ဖေဖော်ဝါရီ ၂၂ ရက် မနက် ၉ နာရီကျော်အချိန်ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကမဲခေါင် သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

ဘန်ကောက်မှာ ဆောက်လက်စတိုက်ပြိုကျလို့ မြန်မာလုပ်သား ၅ယောက် ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ဘန်ကောက်က ဆောက်လုပ်ရေးဝန်းအတွင်း ဆောက်လက်စ တိုက်တစ်လုံးပြိုကျလို့ မြန်မာလုပ်သား ၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ 

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း

မြန်မာသတင်းသမားတွေ ရပိုင်ခွင့်နည်းပါးလွန်းသည်ကို ဆန့်ကျင်လှုပ်ရှားမှု IFJ ပြုလုပ်

နိုင်ငံတကာဂျာနယ်လစ်များအဖွဲ့ချုပ် – IJF က မြန်မာဂျာနယ်လစ်တွေ လုပ်ခလစာရပိုင်ခွင့်နည်းပါးလွန်းပြီး ရသင့်တဲ့သတင်းခ မရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ်အဖြစ် Anti-Wage Theft Campaign တစ်ရပ်ပြုလုပ် နေပါတယ်။ ဒီလှုပ်ရှားမှုကို ကမ္ဘာ့အကြီးမားဆုံးဂျာနယ်လစ်အဖွဲ့အစည်းကြီးဖြစ်တဲ့ (ပရော်ဖက်ရှင်နယ် မီဒီယာ ပေါင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now