မဲခေါင်၊ မတ် ၃၀
ဂျပန်အစိုးရ၏ အထူးအစီအစဉ် တစ်ရပ်အရ စားသောက်ဆိုင်လုပ်ငန်းတွင် အလုပ်လုပ်ခွင့်ပြုထားသော ပြည်ပလုပ်သား အရေအတွက်သည် မကြာမီ သတ်မှတ် အရေအတွက်သို့ ရောက်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။
ကျွမ်းကျင်လုပ်သားစနစ်အရ လုပ်ငန်းနယ်ပယ် ၁၉ ခုအတွက် အထူး ခွင့်ပြုပေးထားသော အလုပ်သမား ၈ သိန်းသည် ၂၀၂၉ ခုနှစ်၊ မတ်လအရောက်တွင် နိုင်ငံရပ်ခြားမှ ရောက်ရှိလာမည်ဟု မျှော်မှန်းထားခြင်းဖြစ်ကာ လုပ်ငန်းကဏ္ဍ တစ်ခုချင်းစီတွင် သတ်မှတ်ထားသော အရေ အတွက်ကန့်သတ်ချက်လည်း ရှိသည်။
သို့သော် စားသောက်ကုန်လုပ်ငန်းအတွက် သတ်မှတ်ပေးထားသော အလုပ်သမား ၅ သောင်းသည် မေလမှာပင် ပြည့်သွားနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ထို့ကြောင့် ၎င်းလုပ်ငန်းကဏ္ဍအတွက် ဂျပန်နိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သည့် Certificate of Eligibility ထုတ်ပေးခြင်းကို ဧပြီ ၁၃ ရက်မှစ၍ ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း သိရကာ အစိုးရက ဇန်နဝါရီလတွင် အလုပ်သမားစနစ်ကို ပြင်ဆင်လိုက်ပြီးနောက်ပိုင်း ပထမဆုံး ဆိုင်းငံ့မှု ဖြစ်လာခဲ့သည်။
ဂျပန်နိုင်ငံသို့ အလည်အပတ်လာသူ ခရီးသည်များ များပြားလာခြင်းကြောင့် စားသောက်ဆိုင်များ၌ အလုပ်သမားလိုအပ်ချက် မြင့်တက်လာခဲ့ပြီး အလုပ်သမား မလုံလောက်မှုများ ပြတ်လပ်မှုများ ကြီးမားစွာ ရင်ဆိုင်နေရသည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားသည်။
စားသောက်ဆိုင် အများစုက အစိုးရ ခွင့်ပြုထားသော စနစ်မှ နေ၍ အလုပ်သမားများ ရှာဖွေနေကြသည်။
နိုင်ငံခြားအလုပ်သမား အရေအတွက် အဆင့်တစ်ခုသို့ လျော့ကျသွားခဲ့လျှင် နိုင်ငံဝင်ခွင့်အတွက် Certificate of Eligibility ထုတ်ပေးခြင်းကို ပြန်လည် စတင်ရေးဆွေးနွေးသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးဌာန က ပြောကြားသည်။
အေးကျော်
Ref: NHK
#MeKongNews
#ဂျပန်
#စားသောက်ဆိုင်လုပ်ငန်း
#ပြည်ပလုပ်သား
#သတ်မှတ်ချက်








