သေဆုံးသူတွေထဲမှာ သေနတ်သမား၊ သေနတ်သမားကိုယ်တိုင်ပစ်ခတ်ခဲ့တဲ့ ဇနီးသည်နဲ့ ၃ နှစ်သားကလေးငယ်တို့လည်း ပါဝင်နေပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်နစ်နာသူတွေရဲ့မိသားစုတွေကို ထိုင်းဘုရင်ကထောက်ပံ့သွားမယ်လို့လည်း ရဲချုပ်ကပြောပါတယ်။
ရဲတပ်ကြပ်ဟောင်း ပန်ယာ ခန်ယက်ဘ်က ကလေးထိန်းကျောင်းထဲဝင်ရောက်ပစ်ခတ်ရာမှာ ကလေးငယ် ၂၄ ယောက်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
ကလေးတွေနေ့ခင်းအိပ်ပျော်နေချိန်မှာ ပထမဆုံးဓားနဲ့ထိုးခဲ့ပြီး နောက်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာဖော်ပြပါတယ်။
ဒဏ်ရာရတဲ့လူ ၁၀ ယောက်ထဲမှာ ၆ ယောက်က စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။
အသက် ၃၄ နှစ်ရှိနေတဲ့ရဲတပ်ကြပ်ဟောင်းဟာ မက်သာဖက်တမင်းမူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ ဇွန် ၁၅ ရက်မှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခံထားရသူဖြစ်ကြောင်းလည်း ရဲချုပ်က ပြောပြပါတယ်။
ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ အခုထိမသိရသေးပါဘူး။
ဥက္ကာ
Photo – Bangkok Post