နည်းပညာသတင်း

မြန်မာနိုင်ငံသားတွေကို အဓိကထားခေါ်ယူနေတဲ့ ဩစတြေးလျပညာတော်သင်ဆု စတင်လျှောက်ထားနိုင်

မဲခေါင် 21 Mar - 2023
မဲခေါင်၊ မတ် ၂၁ မြန်မာနိုင်ငံကကျောင်းသား အရေအတွက်အများကြီးကိုပေးတဲ့ ရာနှုန်းပြည့်ပညာသင်ဆုပေးတဲ့ Australia Awards Scholarship 2024 ကို စတင်လျှောက်ထားနိုင်ပြီလို့ Official Website မှာ ဖေဖော်ဝါရီလကတည်းက ကြေညာထားပါတယ်။

မဲခေါင်၊ မတ် ၂၁

မြန်မာနိုင်ငံကကျောင်းသား အရေအတွက်အများကြီးကိုပေးတဲ့ ရာနှုန်းပြည့်ပညာသင်ဆုပေးတဲ့ Australia Awards Scholarship 2024 ကို စတင်လျှောက်ထားနိုင်ပြီလို့ Official Website မှာ ဖေဖော်ဝါရီလကတည်းက ကြေညာထားပါတယ်။

ဒီဆုက ဩစတြေးလျအစိုးရရဲ့ နိုင်ငံခြားရေးနဲ့ကုန်သွယ်မှုဌာနကနေ လက်ရှိဖွံ့ဖြိုးဆဲကာလမှာ ရောက်ရှိနေတဲ့ နိုင်ငံရပ်ခြားက ကျောင်းသား၊ ကျောင်းသူတွေ ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာရည်ရွယ်ပြီး ပေးအပ် ထောက်ပံ့ပေးထားတဲ့ ပညာတော်သင်ဆု အမျိုးအစား ဖြစ်ပါတယ်။

ဒီတစ်ခေါက်ပေးအပ်တဲ့ ရာနှုန်းပြည့်ပညာတော်သင်ဆုပရိုဂရမ်က လက်ရှိမှာ တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ရရှိထားပြီး အသက် (၂၅) ပြည့်ပြီးသူတွေ လျှောက်ထားလို့ရမှာဖြစ်ပြီး လျှောက်ထားရမယ့်ဘွဲ့ကတော့ မာစတာ (Master) ဘွဲ့ရထားသူတွေလျှောက်ထားရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

လျှောက်ထားသူတွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာနေထိုင်တဲ့ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး ဘွဲ့တစ်ခုခု ရရှိထားသူ လက်ရှိလုပ်ငန်းအတွေ့အကြုံ လုပ်သက် အနည်းဆုံး ၂ နှစ်ရှိရမှာဖြစ်သလို Scholarship တင်တဲ့အခါမှာ Language Proficiency Test Score တင်စရာ မလိုသေးပေမဲ့ IELTS 6.5 or higher result ကို လျှောက်နေစဉ်အတွင်းဖြေထားဖို့တော့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

ရွေးချယ်လျှောက်ထားမှု အောင်မြင်သွားလို့ Scholarship Study ပြီးသွားတဲ့အခါ အနည်းဆုံး ၂ နှစ်အတွင်း ကိုယ့်နိုင်ငံကိုယ်ပြန်ဖို့ လိုအပ်တယ်လို့ ဖော်ပြထားသလို ဒီပညာသင်ဆုကို မေလ ၁ ရက်နေ့ထိ နောက်ဆုံးထားပြီး [email protected] ကိုအီးမေးလ်ပေးပို့လျှောက်ထားရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက်သီးသန့်ထုတ်ထားတဲ့ အသေးစိတ်အချက်အလက်နဲ့ လမ်းညွှန်ချက်တွေကို တော့ https://bit.ly/3llYGv6 နဲ့ Australia Awards Scholarship ရဲ့ Official Website Link ဖြစ် တဲ့ https://bit.ly/4099202 တွင်လည်းဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း နည်းပညာသတင်း

Emirates Palace Spends that a Hefty Sum For…

There are many variations of passages of Lorem Ipsum available but the

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now