မဲခေါင်၊ ဧပြီ ၉
တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော (TNLA) ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ ပုံမှန်လည်ပတ်နေတဲ့ မိုင်းငေါ့မြို့ မှတ်တမ်းဓာတ်ပုံတွေကို TNLA က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုင်းငေါ့မြို့ဟာ TNLA ရဲ့ တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်ခရိုင်အတွင်းမှာ ပါဝင်ပြီး ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု (၃)စုနဲ့ ကျေးရွာပေါင်း (၂၀) ကျော်နဲ့ ဖွဲ့စည်းထားတာပါ။
မိုင်းငေါ့မြို့နယ်ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ TNLA က သိမ်းပိုက်ခဲ့ပြီး တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ လောင်းကစားကင်းစင်ရေးနဲ့ တည်ငြိမ်ရေးအတွက် TNLA က ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
Photo- PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန