မဲခေါင်၊ ဒီဇင်ဘာ ၁၁
ဒီဇင်ဘာလ ၁၀ နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ်ကြောင်းမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ABSDF စစ်ကြောင်း ၃ က ရဲဘော်တွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ABSDF ရဲဘော်တွေအနေနဲ့ “ လူ့ဂုဏ်သိက္ခာနှင့်အညီလွတ်လပ်မျှတခြင်းဆီလှိုင်းများနှင့်အတူချီ” ခေါင်းစဉ်နဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့ (၇၅)နှစ်ပြည့်အထိမ်းအမှတ် ပိုစတာ ကမ်ပိန်းတွင်ပါဝင်ခဲ့တယ်လို့သိရပါတယ်။
MK – 009
#MeKongNews
#လူ့အခွင့်ရေး
#ABSDF
#ကျင်းပ
#စစ်ကြောင်းသုံး