မဲခေါင်၊ နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က စစ်ဘေးရှောင် ၅၀,၀၀၀ ဝန်းကျင်ဟာ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ ခြုံစောင်နဲ့ အခြေခံ စားသောက်ကုန်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေ အပြည့်အဝ ထိန်းချုပ်ထားပြီး စစ်ရေးအရ ပြည်သူတွေကို မြို့တွင်းမှာ ပြန်လည် နေထိုင်ခွင့် မပြုသေးဘဲ မြို့နယ် ပအဖ အဖွဲ့က စောင့်ရှောက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကောလင်းမြို့ပေါ်မှာ လေကြောင်း အန္တရာယ် ရှိနေတာကြောင့် ပြည်သူတွေ မြို့နယ်တွင်းမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်တွေက စောင့်ရှောက်ပေးထားတယ်လို့ Kawlin Revolution – KR အဖွဲ့က ပြောပါတယ်။
လက်ရှိ မြို့တွင်းက ပြည်သူ အားလုံးနီးပါး ကယ်ထုတ်ထားပြီး ဝန်းသို ခမရ (၁၂၀) တပ်က ပစ်တဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွင်း ပစ်ခတ်မှုတွေကြောင့် ပြည်သူ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပြီး အတိအကျကိုတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကောလင်းမြို့ကို နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းကစပြီး ကောလင်းခရိုင် ကွပ်ကဲရေး အစီအစဉ်နဲ့ PDF အပါအဝင် ပကဖနဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ မနေ့ နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက် နိုင်ခဲ့တာ ဖြစ်ပါတယ်။
MK-009
#MekongNews
#ကောလင်း
#စစ်ဘေးရှောင်
#NUG_PDF








