ဒေသတွင်းသတင်း

ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ ကရင်နီရဲတပ်ဖွဲ့ နယ်မြေရှင်းလင်း စစ်ဆေး

မဲခေါင် 12 Oct - 2023
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က နယ်မြေရှင်းလင်း စစ်ဆေးမှုခဲ့တယ်လို့ KARENNI STATE POLICE-ကရင်နီရဲတပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦးက ဒီကနေ့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၂

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က နယ်မြေရှင်းလင်း စစ်ဆေးမှုခဲ့တယ်လို့ KARENNI STATE POLICE-ကရင်နီရဲတပ်ဖွဲ့ တာ၀န်ရှိသူ တစ်ဦးက ဒီကနေ့ မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကရင်နီ အမှတ် (၃) နယ်မြေဖြစ်တဲ့ ဖရူဆို အနောက်ခြမ်း လမ်းပိုင်းတွေမှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ မူးယစ်ဆေး၀ါးနဲ့ ပတ်သက်တာတွေ အလေးထား ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ WY စိတ်ကြွရူးသွပ်ဆေးပြားနဲ့ အခြား မူးယစ်ဆေး၀ါးတွေကို ရှာပါတယ်” လို့ သူကရှင်းပြပါတယ်။

ဒါ့အပြင် နယ်မြေ လုံခြုံရေး အတွက် စစ်ကောင်စီ ထောက်တိုင် ဒလန်တွနဲ့ ပတ်သက်ပြီး စစ်ဆေး ဆောင်ရွက်တာတွေ ရှိတယ်လို့ သူကပြောဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

ကရင်နီရဲတပ်ဖွဲ့-KSP ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၅ မှာ ကရင်နီ အတိုင်ပင်ခံ ကောင်စီ-KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ စစ်ကောင်စီကို ဆန့်ကျင် CDM ပြုလုပ်လာတဲ့ ရဲ ၃၂၀ ဦးနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ကရင်နီရဲတပ်ဖွဲ့ကို ပြည်သူ့ရေးရာဌာန၊ ရဲရေးရာဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာနနဲ့ လေ့ကျင့်ရေးဌာနစတဲ့ ဌာန ၄ ခုနဲ့ ဖွဲ့စည်းထားပြီး တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရဲစခန်း ၈ ခု၊ လုံခြုံရေးကင်း စခန်း ၂ ခု ဖွင့်လှစ် တာ၀န် ထမ်းဆောင်နေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ KSP (၂) နှစ်ပြည့် အစီရင်ခံစာမှာတော့ ကရင်နီပြည်နယ် အတွင်း မူးယစ်ဆေး၀ါးမှု၊ ခိုးမှု၊ မုဒိန်းမှု၊ အိမ်တွင်း အကြမ်းဖက်မှု၊ စစ်ကောင်စီကို သတင်းပေးမှုနဲ့ အခြား အမှုပေါင်း ၃၆၂ မှု ဖော်ထုတ် အရေးယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ အနီး ကားတစ်စီးပေါ်မှာ လူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်မှု၊ အခုနှစ် မတ်လ ၁၁ ရက်နေ့က ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာက ပြည်သူ ၂၁ ဦးကို သတ်ဖြတ်မှုတွေကို KSP က သက်သေနဲ့တကွ ဖော်ထုတ်ပြီး NUG လူ့အခွင့်အရေး ၀န်ကြီးဌာန၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ပြည်တွင်း မီဒီယာတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

MK-007

#MeKongNews

#ဖရူဆိုမြို့နယ်

#ကရင်နီ_ရဲတပ်ဖွဲ့

#NUG_လူ့အခွင့်အရေး၀န်ကြီးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now