မဲခေါင်၊ စက်တင်ဘာ ၂၀
ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်အပြည့်အစုံနဲ့ အလင်း၀င်လာတယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်းက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဖယ်ခုံမြိုနယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းက စစ်ကောင်စီတပ်သား ၃ ဦး အလင်း၀င်လာတာဖြစ်ပြီး အသေးစိတ်ကိုတော့ လုံခြုံရေး စိတ်ချရမှ ထုတ်ပြန်မယ်လို့ ဖယ်ခုံ PDF ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။
“အလင်း၀င်လာတာ ကတော့ ဒီရက်ပိုင်းထဲပဲ။ ၃ ယောက် လက်နက် အပြည့်အစုံပါပဲ။ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ ကျွန်တော်တို့ လုံခြုံရေးအရ စိတ်ချရမှ ထုတ်ပြန်ပေးပါမယ်ဗျ” လို့ သူက ရှင်းပြပါတယ်။
ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်ကျော် တိုက်ပွဲအတွင်း လက်နက်ချ အလင်း၀င် လာတဲ့ ရဲတပ်ဖွဲ့၀င် ၃၀၀ ကျော်၊ စစ်ကောင်စီတပ်သား ၁၃၀ ကျော်ရှိတယ်လို့ ကရင်နီ ပြည်သူ့ရင်ခွင်က ပြောပါတယ်။
စက်တင်ဘာလ လဆန်းပိုင်းကလည်း လွိုင်လင်လေး အခြေစိုက် ခမရ (၅၃၀) တပ်မှာ ဖိနှိပ်ချုပ်ချုပ်ချယ်မှုတွေကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေနတ် ၂ လက်နဲ့ အလင်း၀င်လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း (၂) က ထုတ်ပြန်ထားပါတယ်။
MK-007
#MeKongNews
#ဖယ်ခုံ
#အလင်း၀င်








