ဒေသတွင်းသတင်း

မူဆယ် ဆင်ဖြူဂိတ်ပေါက်ကနေ တရုတ်ဘက် ဝင်ခွင့် တစ်ခါသုံးကတ် ပြုလုပ်ပေး

မဲခေါင် 5 Sep - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် - မြန်မာနယ်စပ်၊ မူဆယ်မြို့ ဆင်ဖြူဂိတ်ပေါက်ကနေ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းကစပြီး တရုတ်ဘက် ဝင်ခွင့် တစ်ခါသုံးကတ် ပြုလုပ်ပေးပြီးလို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မြို့ ဆင်ဖြူဂိတ်ပေါက်ကနေ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းကစပြီး တရုတ်ဘက် ဝင်ခွင့် တစ်ခါသုံးကတ် ပြုလုပ်ပေးပြီးလို့ ဒေသခံတွေက ပြောပါတယ်။

တရုတ်ဘက်မှာ ၆ ညအိပ်၊ ၇ ရက် နေထိုင် လည်ပတ်ခွင့်ရမယ့် တစ်ခါသုံး နယ်စပ် ဝင်ထွက်ခွင့်ကတ်ကို မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသူ အားလုံးကို လုပ်ပေးနေပြီလို့ မူဆယ်ခရိုင် တာဝန်ရှိသူ ‌တစ်ဦးက ပြောပါတယ်။

“လုပ်ပေးပြီ၊ ရွှေလီအထိ သွားလို့ရတယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် တစ်နှစ်သုံးလို့ရတဲ့ ၂ နိုင်ငံ နယ်စပ် ဝင်ထွက်ခွင့် စာအုပ် ပြုလုပ်ပေးဖို့ ပြင်‌ဆင်နေပြီး ဘယ်အချိန် ထုတ်ပေးမယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“စာအုပ် အနီက ဟိုဘက် ဟုတ်တယ်။ ဒီဘက်က တခါသုံးကတ် ဟုတ်တယ်။ နေ့လယ် ၁ နာရီ ကတည်းက တန်းစီနေတာ။ မှတ်ပုံတင် ရှိရင် ရပြီ။ ၂,၀၀၀ ကျပ်တဲ့” လို့ ကတ်လုပ်ဖို့ တန်းစီနေသူ တစ်ဦးက ရှင်းပြပါတယ်။

အဲဒီမှာ တန်းစီနေသူတွေ တချို့ကတော့ လူများပြာလို့ ညအိပ် တန်းစီမှ ရနိုင်မယ်လို့ ပြောဆိုပါတယ်။

တရုတ်ဘက် ရွှေလီနယ်စပ်မှာ နေထိုင်တဲ့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးကတော့ မြန်မာတွေ အလုံးအရင်းနဲ့ တရုတ်ဘက် အလုပ်သွားလုပ်ပါက လူကုန်ကူးမှု အန္တရာယ် အပြင် တရုတ်ဘက်က လုပ်သားခ ခေါင်းပုံဖြတ်မှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

မူဆယ်မြို့ တရုတ် – မြန်မာ ၂ နိုင်ငံ ကုန်တင်ကား အဝင်အထွက်နဲ့ လူအဝင်အထွက်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဧပြီလကစပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားခဲ့လို့ အကန့်အသတ်မရှိ ပိတ်ခဲ့ရက အခု ၂၀၂၃ ခုနှစ်မှ လူ၀င်ထွက်ခွင့် ပြန်လည် ခွင့်ပြုလိုက်တာပါ။

လက်ရှိတော့ မူဆယ်-မန့်ဝန်း ၂ နိုင်ငံ နယ်စပ်ဂိတ် ကနေ ၆ ဘီး ကုန်သွယ်ကားတွေ ဝင်ထွက်နေပြီး နန်းဝောာ်ဂိတ် ကနေ လူအဝင်အထွက် လုပ်နေကာ ဆင်ဖြူဂိတ်ကနေ လူဝင် လူထွက်နဲ့ ၆ ဘီးအောက် ယာဉ်ငယ်တွေ ဝင်ထွက် နေပြီး ကျင်စန်းကျော့ ဂိတ်ကနေ တွဲကား အပါအဝင် ကုန်တင်ကား မျိုးစုံ ဝင်ထွက်နေတာ ဖြစ်ပါတယ်။

CJ-008

#MeKongNews

#တရုတ်-မြန်မာ

#ဆင်ဖြူတော်ဂိတ်

#လူကုန်ကူးမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now