ဒေသတွင်းသတင်း

အင်းလေး ဖောင်တောင်ဦးဘုရားပွဲကို အကြောင်းပြပြီး PNO ပြည်သူ့စစ် ဆက်ကြေးကောက်နေ

မဲခေါင် 4 Sep - 2023
မဲခေါင်၊ စက်တင်ဘာ ၄ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရွှေညောင်မြို့နယ်၊ အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကို အကြောင်းပြပြီး ဆက်ကြေးကောက်နေတယ်လို့ အင်းလေး ဒေသခံတွေထံကနေ စုံစမ်းသိရှိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၄

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရွှေညောင်မြို့နယ်၊ အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကို အကြောင်းပြပြီး ဆက်ကြေးကောက်နေတယ်လို့ အင်းလေး ဒေသခံတွေထံကနေ စုံစမ်းသိရှိရပါတယ်။

PNO ပြည်သူ့စစ်ဟာ ဖောင်တော်ဦး ဘုရားပွဲ လုံခြုံရေး အတွက်လို့ အကြောင်းပြပြီး လုံခြုံရေးကြေး တစ်အိမ် တစ်သောင်းကျပ် ဆက်ကြေး ကောက်နေတာ ဖြစ်တယ်လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်က အခုလို ဘုရားကို အကြောင်းပြပြီး ဆက်ကြေးကောက်တာဟာ ခေတ်ပျက်နေတာကို အခွင့်ကောင်းယူပြီး အင်းလေး ဒေသခံတွေအပေါ် မတရား အမြတ်ထုတ်တာ ဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အင်းလေး ဒေသအတွက် ရင်လေးလိုက်တာ။ PNO လုပ်ရပ်က ဘုရားကို အကြောင်းပြပြီး လူထုဆီကနေ မတရား အမြတ်ထုတ် ဓားပြတိုက်နေတာ ဖြစ်တယ်။ လူထုတွေကိုတော့ သနားပါတယ်။ ခေတ်အဆက်ဆက် ဖောင်တော်ဦး ဘုရားပွဲ အတွက် ပိုက်ဆံ ထည့်ရတယ်ဆိုတာ အခုမှ ကြားရတော့တယ်။ ပွဲသွားသွား မသွားသွား ထည့်ရမယ်တဲ့။ ပွဲလုပ်ချင်တဲ့သူလည်း ထည့်ရမယ်။ မလုပ်ချင်တဲ့လူလည်း ထည့်ရမယ်တဲ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဘုရားပွဲ ဆက်ကြေးငွေကို စက်တင်ဘာလ နောက်ဆုံးပတ် အတွင်း အပြီးထည့်ရမှာဖြစ်ပြီး အဲ့ဒီလို ကောက်ခံတာကို အင်းလေး ပျူစောထီးအဖွဲ့က အကူအညီပေးနေပြီး ရွာသူကြီးက တစ်ဆင့် ထည့်ဝင်ရမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အင်းပျူတွေလည်း ဘာမှမပြောရဲဘူး။ သူတို့လည်း PNO နဲ့ ဝေစား မျှစား ဆရာ တပည့်တွေလေ။ အင်းသားတွေ အများဆုံး နေထိုင်တဲ့ ဒေသမှာ PNO က ဆက်ကြေးလာကောက်တာ လူမျိုး ၂ မျိုးအကြား အများကြီး ရိုက်ခတ်မှု ဖြစ်နိုင်ပါတယ်။ ဒါတွေကို မစဉ်းစားဘဲ စားရဖို့ပဲ လုပ်နေတာလား မသိပါဘူး” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ကာလကြာရှည်စွာ ခရီးသွား ဧည့်သည် နည်းပါးလို့ ဒေသခံတွေ စားဝတ်နေရေး ကျပ်တည်းနေတဲ့ကြားက PNO ပြည်သူ့စစ်က အခုလိုမျိုး ဆက်ကြေးကောက်တာဟာ မွဲနေတဲ့ ဒေသခံတွေရဲ့ အိတ်ကပ်ထဲကငွေကို မတရား ညှစ်ထုတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဘုရားအတွက် လှူဒါန်းဖို့ဆိုရင် ထမင်းဟင်းကိုတောင် ချွေတာစားတတ်တဲ့ အင်းလေး ဒေသခံတွေဟာ အခုက ဘုရား အတွက် မဟုတ်ဘဲ ကိုယ့်ဒေသမှာ လက်နက်ကိုင်ပြီး အနိုင်ကျင့်နေတဲ့ PNO အဖွဲ့ကို ပေးရမယ်ဆိုတော့ အင်းလေး ဒေသခံတွေရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာမိတယ်” လို့ JMC-Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောပါတယ်။

အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်ကို ကိုဗစ်ကြောင့် ရပ်နားထားရာကနေ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ပြန်လည် ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

CJ-002

#MeKongNews

#ဖောင်တောင်ဦးဘုရားပွဲ

#PNO_ပြည်သူ့စစ်

#ဆက်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now