မဲခေါင်၊ ဇူလိုင် ၃၁
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ဇူလိုင်လ ၂၉ ရက်နေ့ ညကစပြီး စစ်ကောင်စီက ညမထွက်ရ အမိန့် ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၁၀ နာရီ ကနေ မနက် ၄ နာရီ အထိ လုံးဝ သွားလာခွင့် မပြုတော့ဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၉ ရက် နေ့ ညက ည ၁၀ ကျော် အပြင်ထွက်သူတွေကို ဖမ်းဆီးပေမယ့် ပြန်လွှတ်ပေးခဲ့ပြီး ဇူလိုင် ၃၀ ရက်မှာတော့ ည ၁၀ နာရီကျော် လုံးဝ သွားလာခွင့် မပြုတော့ဘူးလို့ သူက ပြောပါတယ်။
“အချိန်ကျော် သွားရင် ဖမ်းတယ်။ မနေ့ညတောင် ဖမ်းထားတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
ယမန်နေ့ညက ညမထွက်ရ သတ်မှတ်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားတဲ့ ဆိုင်ကယ် တစ်စီးနဲ့ ကား ၁၁ စီးခန့် ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့၊ ည ၈ နာရီကျော်က မူဆယ် မြို့လယ် ဆေးရုံအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဲဒီည ည ၁၀ နာရီကစပြီး မြို့အဝင် အေးရှားဝေါလ် ဂိတ်ကို ရုတ်တရက် ပိတ်လိုက်တာ ဖြစ်ပြီး အဲဒီနောက် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
CJ-008
Photo-CJ
#MeKongNews
#မူဆယ်မြို့
#ညမထွက်ရ
#စစ်ကောင်စီ








