ဒေသတွင်းသတင်း

ပင်လောင်းနဲ့ ညောင်ရွှေတောင်ပိုင်းမှာ PNO က အကြောင်းအမျိုးမျိုးပြ ဆက်ကြေးကောက်လို့ ပြည်သူတွေ ဒုက္ခရောက်

မဲခေါင် 29 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရှမ်း-ကရင်နီ နယ်စပ် လုံခြုံရေး အကြောင်းပြပြီး မကြာခဏ ဆက်ကြေးတောင်းတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်

မဲခေါင်၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရှမ်း-ကရင်နီ နယ်စပ် လုံခြုံရေး အကြောင်းပြပြီး မကြာခဏ ဆက်ကြေးတောင်းတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပြည်သူ့စစ်ဟာ ပင်လောင်းမြို့နယ် နဲ ညောင်ရွှေမြို့နယ် တောင်ပိုင်းရှိ ကျေးရွာတွေက တစ်ရွာကို ၂ ယောက်မှ ၅ ယောက်အထိ တပ်သားသစ် တောင်းနေပြီး မပေးတဲ့ ရွာတွေကို လတိုင်း ဆက်ကြေး ကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ရွာက လူသစ်မပေးတဲ့အတွက် လုံခြုံရေးစရိတ် လတိုင်း ထည့်ရမယ်ဆိုပြီး တောင်းတယ်ဗျာ။ ဒီနှစ်ထဲမှာကိုပဲ သူတို့တောင်းတာ ၁၀ ကြိမ်ထက် မနည်းတော့ဘူး။ တစ်ခါတောင်းရင် အနည်းဆုံး ၃ သောင်း တောင်းတယ်ဗျာ” လို့ ပင်လောင်းမြို့နယ်၊ နန်းတုန်ကျေးရွာအုပ်စု ဒေသခံ တစ်ဦးက ပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ ကျေးရွာတွေမှာ တပ်သားသစ် စုဆောင်းနေတာဖြစ်ပြီး တပ်သားသစ် မပေးတဲ့ ရွာတွေကို တစ်အိမ် တစ်လ ၃ သောင်းကျပ်နဲ့အထက် လုံခြုံရေးကြေး ဆက်ကြေး ကောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အရင်က ပင်လောင်းတစ်မြို့နယ်လုံးကို သူတို့ကောက်တဲ့ ကျည်ဆံဖိုး တစ်အိမ် တစ်သိန်းတုန်းကလည်း ထည့်ရတယ်။ အခုက ရှမ်းနဲ့ကယား နယ်စပ်ဖက်မှာကျတဲ့ ရွာတွေကိုပဲ သူတို့ သီးသန့် ကောက်တာပေါ့။ PNO ဗဟိုက လုပ်တာလား PNO အောက်ခြေ တပ်မှူးတွေက တောင်းစားတာလားတော့ ကျွန်တော်တို့လည်း မမေးရဲဘူး” လို့ ညောင်ရွှေမြို့နယ်၊ စံကားကျေးရွာအုပ်စုနေ ဒေသခံ တစ်ဦးက ပြောပါတယ်။


အဲ့ဒီလို ဆက်ကြေးအပြင် မကြာခဏ စစ်သားဖိနပ်ဖိုး၊ စစ်သားစောင်ဖိုး၊ စစ်သား စားနပ်ရိက္ခာဖိုး ဆိုပြီး ခေါင်းစဉ် အမျိုးမျိုးနဲ့ ငွေကြေးကောက်ခံနေတာ အခုနှစ်အတွင်းမှာ ၁၀ ကြိမ်ထက် မနည်းတော့ဘူးလို့ ပင်လောင်းမြို့နယ်၊ လုံးပဉ်ကျေးရွာအုပ်စုမှ ကျေးရွာရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

အဲ့ဒါအပြင် PNO ပြည်သူ့စစ်ဟာ ဒေသခံတွေကို မူးယစ်ဆေးဝါး အကြောင်းပြကာ မကြာခဏ ပြန်ပေးဆွဲပြီး ငွေတောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“အခုလထဲမှာတင် ၃ ယောက်ရှိပြီ ဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာ။ အရင်နှစ်က အဲ့လို ပြန်ပေးဆွဲခံရရင် တစ်ယောက်ကို ၁၀ သိန်းအောက်နဲ့ ညှိနှိုင်းလို့ရတယ်။ ဒီနှစ်ကျတော့ အဲ့လောက်နဲ့ မရတော့ဘူး။ တစ်ယောက်ကို သိန်း ၄၀ လောက်တောင်းတယ်” လို့ သူကပြောပါတယ်။

အခုလို ပြည်သူတွေကို ဆက်ကြေးကောက် နှိပ်စက်နေတာကြောင့် ဒေသခံလူငယ် အများအပြား ထိုင်းနိုင်ငံကို ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းဌာနကို ပြောဆိုပါတယ်။

အဲ့ဒီလို PNO ပြည်သူ့စစ်က ဒေသခံတွေအပေါ် ဆက်ကြေးအမျိုးမျိုး ကောက်နေတာနဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ် တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ PNO ပြည်သူ့စစ်ဟာ ၁၉၉၁ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၀၉ ခုနှစ်မှာတော့ စစ်ကောင်စီ လက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ်အဖြစ် ပြောင်းလဲ ဖွဲ့စည်း ခဲ့ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးတာ ၊ တော်လှန်ရေး တပ်ပေါင်းစုကို ကရင်နီပြည်ထဲအထိ ဝင်ရောက် တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဖြစ်ပါတယ်။

CJ-002
#Mekongnews
#ပင်လောင်းမြို့နယ်
#PNO
#ရှမ်း-ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now