မဲခေါင်၊ ဇူလိုင် ၂၂
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြိုနယ်၊ အမှတ် (၈) ရပ်ကွက်၊ဝေဇယန္တာလမ်းအမှတ် (၅၀)တွင်ဖွင့်လှစ်ထားတဲ့ Transporter Club ကို စစ်ကောင်စီရဲ့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၂၂ ရက်မနက် နံနက် ၁ နာရီဝန်းကျင်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မဲခေါင်သတင်းက သိရပါတယ်။
“ည ၁၁ နာရီ နောက်ဆုံးထားပြီးဖွင့်ဖို့ သူတို့ကိုပြောထားတယ်။ ခုလိုအဖမ်းခံရတာလည်း ကောင်းပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေ ဆိုတော့ပြန် ရွေးနိုင်တဲ့သူကြီးပါပဲ။ လာဖမ်းတဲ့ အဖွဲ့တွေလည်း အကုန်လုံ းပိုက်ဆံရကြီးဦးမှာ။ ဝန်ထမ်းကတွေတော့ ဒုက္ခရောက်ကြတယ်” လို့ သူက ပြောပါတယ်။
ကလပ်အတွင်း သတ်မှတ်ချိန် ကျော်လွန်သောက်စားနေသောအမျိုးသား (၁၀၂) ဦးနဲ့ အမျိုးသမီး (၇၉) ဦးအားကိုဖမ်းဆီးခဲ့သလို ကလပ်မန်နေဂျာ ညီမောင်အား ရာဇသတ်ကြီးပုဒ်မ ၁၈၈ ဖြင့်တရားစွဲဆိုထားပြီး ကလပ်ကို ယာယီပိတ်သိမ်းလိုက် တယ်လို့သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်၊ ကေတီဗီ၊ စင်တင်စားသောက်ဆိုင်တွေကို စစ်ကောင်စီက ဇွန်လမှစတင်ကာ စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး ဆိုင်အချို့ကို သတ်မှတ်ချက်နဲ့မညီညွတ်တဲ့အတွက် ခေတ္တပိတ်သိမ်းမှုတွေလုပ်ဆောင်ခဲ့ပြီး ယခုလ ဇူလိုင်၅ရက်နေ့မှစတင်ကာ နှုတ်မိန့်နဲ့ဆိုင်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားတာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ပိတ်ချိန်ကို သတ်မှတ်ပေးထား တာဖြစ်ပါတယ်။
MK 005
#MeKongNews
#ထရန်စပိုတာ
#ဝင်ဖမ်း
#စစ်ကောင်စီ








