မောက်မယ်မြို့တွင် ငလျင်ဒဏ်ကြောင့် စေတီပြိုကျ၊ လူတစ်ဦးထိခိုက်
မဲခေါင်၊ မတ် ၂၉
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့တွင် ငလျင်ဒဏ်ကြောင့် စေတီတော်ပြိုကျခဲ့ပြီး ဘုရားဆင်းတုဦးခေါင်းတော် မြေခခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ မတ်လ၂၈ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် လင်းခေးခရိုင်၊ မောက်မယ်မြို့ သမိုင်းဝင်မောက်စံကျောင်းရှိ ဘုရားဆင်းတုတော် တစ်ဆူ ဦးခေါင်းတော်နဲ့ ကျောင်းဝင်းထဲရှိ စေတီ ၂ဆူ၏ ထီးတော်မြေခခဲ့ရခြင်းဖြစ်သည်။
ငလျင်လှုပ်သည့်အချိန် တုတ်တန်းပြိုကျသည့်အတွက် သက်ကြီးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး နေအိမ်အဆောက်အဦးအချို့နှင့် အုတ်တံတိုင်းများ ထိခိုက်ပျက်စီးမှုလည်း ရှိကြောင်းသိရသည်။
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ယနေ့မတ်လ၂၉ ရက်၊ နံနက် ၆ နာရီအထိ နောက်ဆက်တွဲငလျင် စုစုပေါင်း ၇၇ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း ထိုင်းနိုင်ငံမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ငလျင်စောင့်ကြည့်ရေးဌာနက ထုတ်ပြန်ကြေညာသည်။
မဟာ
#MeKongNews









