ဟိုတယ် အောင်ပန်းပြိုကျမှု ၁၆ဦး ကယ်ထုတ်ထားနိုင်၊ ကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်နေ
မဲခေါင်၊ မတ် ၂၈
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်း အဆောက်အဦး ယနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်သည့် ပြင်းထန်ငလျင်ကြောင့် ပြိုကျခဲ့ရာ လတ်တလောတွင် တစ်ဦးသေဆုံးပြီး ၁၆ဦး ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း လူမှုကယ်ဆယ်သူများထံက ကနဦးသိရသည်။
ဟိုတယ်ပြိုကျချိန် နေ့လယ်၁နာရီမှ ယခု ၃နာရီခွဲအထိသေဆုံးခဲ့သူ ဟိုတယ်ဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူ ၁၆ ဦးကို ကယ်ထုတ်ထားနိုင်ခဲ့သည်ဟု လူမှုကူညီသူများက ဆိုသည်။
သေဆုံးသွားသူ ဟိုတယ်ဝန်ထမ်းသညိ အသက်၂၀အရွယ် မိန်းကလေးဖြစ်ပြီး ဒဏ်ရာရသူများကို အောင်ပန်းပြည်သူ့ဆေးရုံကို ပို့ဆောင်လျက်ရှိနေကြောင်း သိရသည်။
“၆ထပ်ခွဲရှိတဲ့ ဟိုတယ်အောင်ပန်းပြိုသွားတာ၊ ငါးထပ်လောက် ပြားပြားဝပ်သွားတယ်။ လောလောဆယ်တော့ သေဆုံးတစ်ဦးပဲရှိသေးတယ်။ ဆက်ကယ်နေတယ်”ဟု ကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
အပျက်အစီးများကြားတွင် ပိတ်မိနေတဲ့သူများ ရှိနေနိုင်ပြီး လူဦးရေမည်မျှကို မခန့်မှန်းနိုင်သေးဘူးဟု ဆိုသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် မတ်လ ၂၈ ရက်နေ့လယ် ၁ မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၁၂ ကီလိုမီတာအကွာ၌ဗဟိုပြု၍ပြင်းအား ရက်ချက်စတာစကေး ၇ ဒသမ ၇ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်လာသည်။
မဟာ
#MeKongNews









