ဘန်ကောက် ဆောက်လက်စတိုက်ပြိုကျမှု ၇ ဦးသာ လွတ်ပြီး ၄၃ ဦးပျောက်ဆုံး၊ ၃ နာရီအထိ Aftershock များရှိနိုင်သဖြင့် အဆောက်အအုံပြင်ပတွင် ဆက်နေကြဖို့ ထိုင်းသတိပေးချက် ထုတ်ပြန်
မဲခေါင်၊ မတ် ၂၈
မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ . ၇ ဖြင့် လှုပ်ခတ်သွားခဲ့သည့် ငလျှင်ကြောင့် ဘန်ကောက် ရှိ Nang Sue အရပ်မှ ဆောက်လက်စ အထပ်မြင့်တိုက် ပြိုကျသွားခဲ့ရာ ၇ ဦးသာ လွတ် မြောက်ပြီး ဆောက်လုပ်ရေးလုပ်သား ၄၃ ဦး ပျောက်ဆုံးနေကြောင်း ထိုင်း Khaosod မီဒီယာမှ ထုတ်ပြန်ခဲ့သည်။
ယင်းအဆောက်အအုံတွင် မြန်မာဆောက်လုပ်ရေးလုပ်သားများစွာလည်း အလုပ်လုပ်ကိုင်နေကြ သဖြင့် စိုးရိမ်ရသည့်အခြေအနေရှိကာ သေဆုံးမှုအခြေအနေများကို သတင်းစာရှင်းလင်းပွဲမလုပ်နိုင် သေးသောကြောင့် မသိရနိုင်သေးပေ။
ထိုင်းမိုးလေဝသဌာနက ငလျှင်ကြီးလှုပ်ပြီးနောက် နောက်ဆက်တွဲ Aftershock ငလျှင်များ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီအထိ ဆက်လှုပ်ခတ်နိုင်သေးသဖြင့် ရုံးများ၊ အဆောက်အအုံများထဲ ပြန်မဝင်သေးဘဲ လမ်းများပေါ်တွင် ဘေးလွတ်ရာ နေရာရှာဖွေနေထိုင်ကြရန်လည်း သတိပေးချက် ထုတ်ပြန်ထားသောကြောင့် ဘန်ကောက်လမ်းများပေါ် လူများစွာ စုဝေးနေကြသေးကြောင်း သိရသည်။
ကိုကလင်း
Ref:Khaosod
#MeKongNews









