ငလျင်ကြောင့် အင်းလေးဒေသ ကျေးရွာတချို့နှင့် ဖောင်တော်ဦး ပျက်စီး
မဲခေါင်၊ မတ်လ ၂၈
ယနေ့ မတ်လ ၂၈ နေ့လယ်ပိုင်း၊ စစ်ကိုင်းရေခါးအင်း စာရေးရွာအနီး ဗဟိုပြု၍သည့် အင်အား ရစ်ချ်စတာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းရှိ ငလျင်လှုပ်ခတ်ကြောင့် အင်းလေးဒေသရှိ ကျေးရွာတချို့နှင့် ဖောင်တော်ဦးဘုရားရင်ပြင် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အင်းလေးဇရပ်ကြီးရွာနှင့် ကြာတောရွာလည်း ဘုရားကျောင်းကန်နှင့် အိမ်များပျက်စီးခဲ့သည်။
မြန်မာနိုင်ငံ တဝှမ်းတွင် အပျက်အစီးများပြီး၊ လူသေနိုင်ကြောင်း သိရသည်။
#MeKongNews









