ရွှေတူးနေသည့် MNDAA တပ်ကို ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများ ပစ်ခတ်ခံရသဖြင့် ၆ ဦးသေပြီး ၆ ဦး ဒဏ်ရာရ
မဲခေါင်၊ မတ် ၆
ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ ပိန်းခမ်းကျေးရွာမှာ ရွှေတူးဖော်နေသည့် MNDAA တပ်ကို သွားရောက်ကန့်ကွက်သည့် ဒေသခံတွေ သေနတ်ပစ်ခတ်ခံရသည့်အတွက် ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ပိန်းခမ်ကျေးရွာမှာ ရွှေမတူးရန် ဒေသခံများကန့်ကွက်နေသည့်ကြားမှ တရုတ်လူမျိုးများနှင့် MNDAA က ဆက်လက်ရွှေတူးဖော်နေသည့်အတွက် ယမန်နေ့မှာ ဒေသခံများ ထပ်မံသွားရောက်ကန့်ကွက်ချိန် MNDAA တပ်ဖွဲ့က သေနတ်နှင့်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံများထံက သိရသည်။
“လက်နက်မပါတဲ့ ရွာသားတွေကို MNDAA က ပစ်သတ်တာ ၆ ယောက်သေသွားပြီး ၆ ယောက်ဒဏ်ရာရတယ်၊ ရွာသားကို ပစ်သတ်တဲ့ ကိုးကန့်ရဲ့ သေနတ်ကိုလည်း ရွာသားတွေ ရထားတယ်ရွှေတူးနေသည့် MNDAA တပ်ကို ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများ ပစ်ခတ်ခံရသဖြင့် ၆ ဦးသေပြီး ၆ ဦး ဒဏ်ရာရ
အဓိက တောင်ကျချောင်းကိုအမှီပြုပြီး ရေသွင်း လယ် လုပ်ကိုင်ကြရသည့် ရေချောင်းကို ရွှေလာတူးသည့်အတွက် ဒေသခံလယ်သမားများက ကန့်ကွက်ရာက ပစ်သတ်ခံရခြင်းဖြစ်သည်။
အဆိုပါ ပိန်းခမ်းရွာသည် ကျင်ခုန်ဒူဝါမိသားစုနှင့် ကချင်လူမျိုးအများစတင်နေထိုင်ခဲ့ကြပြီး ရှမ်းလူမျိုးများလည်း နေထိုင်သည့် ရွာဖြစ်ကာ မုံးဟွမ်ဘက်မှာလည်း တအာင်းရွာ ၃ ရွာရှိပြီး ချောင်းရေသောက်လယ်ကို အဓိကအားထားလုပ်ကိုင်ကြသည့် ရွာများ ဖြစ်ကြောင်းသိရသည်။
ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကိုးကန့်တပ် MNDAA သို့ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
မဟာ
#MeKongNews








