ဒေသတွင်းသတင်း

သည်းထန်စွာရွာသွန်းသည့် အခါမဲ့မိုးကြောင့် ကျိုင်းတုံ-တာကော်ကြား လမ်းချော်သဖြင့် ရင်ကွဲတောင်၌ ယနေ့ထိ ကားအစီးရေ ၂၀၀ ခန့် ရပ်တန့်ထားရ

မဲခေါင် 27 Feb - 2025
သည်းထန်စွာရွာသွန်းသည့် အခါမဲ့မိုးကြောင့် ကျိုင်းတုံ-တာကော်ကြား လမ်းချော်သဖြင့် ရင်ကွဲတောင်၌ ယနေ့ထိ ကားအစီးရေ ၂၀၀ ခန့် ရပ်တန့်ထားရ

သည်းထန်စွာရွာသွန်းသည့် အခါမဲ့မိုးကြောင့် ကျိုင်းတုံ-တာကော်ကြား လမ်းချော်သဖြင့် ရင်ကွဲတောင်၌ ယနေ့ထိ ကားအစီးရေ ၂၀၀ ခန့် ရပ်တန့်ထားရ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၇

ယခုလ ၂၄ နှင့် ၂၅ ရက်များတွင် ရွာသွန်းသည့် အခါမဲ့မိုးကြောင့် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှ တာကော်တံတားသွား ကားလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီး၌ ရွှံ့ဗွက်များဖြစ်ပေါ်ကာ လမ်ချော်ခြင်းနှင့် ယာဉ်ထိမ်းမှောက်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း ခရီးသည်တင်ယာဉ်များထံမှ သိရသည်။

ယမန်နေ့က ကျိုင်းတုံ-တာကော်ကြား ဆင်မောင်း၊ ရင်ကွဲတောင်၌ လမ်းချော်ကာ ယဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ သော်လည်း လူအထိအခိုက်မရှိခဲ့။ သို့သော်လည်း လမ်းပိတ်ဆို့မှုကြောင့် ယာဉ်များရပ်ဆိုင်းနေကြရသည်ဟု သိရသည်။

“ မြေသားတွေက မိုးရွာတော့ ရွှံစေးတွေဖြစ်ပြီး ကားတွေလမ်းချော်ကုန်တာ၊ တူးဝီးတွေဆို ဘရိတ်ဒန့်ကတော့တာပဲ၊ အချို့ကားတွေ ဘီးတွေကို ချိန်းပတ်ရတယ်၊ အမောင်းကျွမ်းရင်တောင် လမ်းအယူကျွမ်းဖို့ လိုမယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

လမ်းအခြေအနေကြောင့် ယနေ့(ဖေဖော်ဝါရီ၂၇) နံနက်ပိုင်းမှသာ ခရီးဆက်ရသည့်ကားများရှိနေသလို လမ်းချော်သည့်နေရာများ၌ လမ်းရှင်းရန်စောင့်ဆိုင်းနေသည့် ကုန်ကားကြီးများ၊ ခရီးသည်တင် Express ကားကြီးများ ယနေ့ နံနက်အထိ အစီးရေ၂၀၀ ခန့် ရှိနေသည်ဟု သိရသည်။

“ ခုရက်ပိုင်းလေး မိုးရွာတာတောင် ခုလောက်လမ်းချော် ဒုက္ခရောက်နေရင် လမ်းကောင်းအောင်မလုပ်နိုင်သမျှ မိုးတွင်းဆို မချောင်ဘူး၊ ခုကို မိသားစုလိုက် ခရီးထွက်လာတာ ကလေးငယ်နဲ့ တစ်ညစောင့်လိုက်ရပြီ”ဟု ကျိုင်းတုံမှ တောင်ကြီးသွားခရီးသည်တစ်ဦးက ပြောသည်။

“ ရိက္ခာလည်းမပါ၊ အပေါ့ အလေးစွန့်ဖို့လည်းခက်၊ ရာသီကလည်း အရမ်းအေး၊ ကျန်းမာရေးမကောင်းတဲ့သူဆို မလွယ်ဘူး “ဟု ခရီးသွားတစ်ဦးကပြောသည်။

ယမန်နှစ်အတွင်း အဆိုပါနေရာသည် လမ်းဆိုး လမ်းပျက်ကာ လမ်းပိတ်ဆို့များကြောင့် ခရီးသွားကားများ ၄-၅ ရက်ခန့် ကြန့်ကြာမှုများ ရှိခဲ့သည်။

ယခုလ ၂၄၊၂၅ ရက်တွင် ရှမ်းအရှေ့မြို့များဖြစ်သည့် ကျိုင်းတုံ၊ တာချီလိတ် ၊ မိုင်းလား၊ မိုင်းဆတ် ၊ မိုင်းတုံ၊ နားကောင်းမူးဘက်များ၌ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။

မဟာ
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now