ဒေသတွင်းသတင်း

စီးပွါးရေးလုပ်ငန်း များစွာပိုင်ဆိုင်သည့် ပီအန်အိုက ဒေသတွင်း၌ ကျပ် ဆယ်သိန်းအထိ ဆက်ကြေးကောက်

မဲခေါင် 25 Feb - 2025
စီးပွါးရေးလုပ်ငန်း များစွာပိုင်ဆိုင်သည့် ပီအန်အိုက ဒေသတွင်း၌ ကျပ် ဆယ်သိန်းအထိ ဆက်ကြေးကောက်

စီးပွါးရေးလုပ်ငန်း များစွာပိုင်ဆိုင်သည့် ပီအန်အိုက ဒေသတွင်း၌ ကျပ် ဆယ်သိန်းအထိ ဆက်ကြေးကောက်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၅

စီးပွါးရေးလုပ်ငန်း များစွာပိုင်ဆိုင်သည် ပီအန်အိုသည် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံမြို့နယ်အပါအဝင် ပအိုဝ်းအထူးဒေသ (၆) အတွင်း အခွန်ဟုခေါင်းစဉ်တပ်ကာ ပိုင်ဆိုင်မှုနှင့် လုပ်ငန်း ၃၂ မျိုးအတွက် ဒေသတွင်း၌ ကျပ်ဆယ်သိန်းအထိ ဆက်ကြေးကောက်သည့် သတ်မှတ်နှုန်းထားစာရင်း ယခုလ အတွင်းကထုတ်ပြန်ထားသည်။

ထုတ်ပြန်သည့်စာရင်း၌ ရိုးရိုးအိမ်အပါအဝင် လုပ်ငန်းအမျိုးမျိုးကို ပေးဆောင်ရမည့် နှုန်းထားများနှင့်တကွ ယှဉ်တွဲဖေါ်ပြထားသည်။ (ထိုစာရင်းအား ဤသတင်းအောက်တွင်ပူးတွဲဖေါ်ပြအပ်ပါသည်) ပေးဆောင်ရမည့်နှုန်းထားသည် ကျပ် ငါးသောင်းမှ ကျပ်ဆယ်သိန်းအထိဖြစ်သည်။

“ အစိုးရတရားဝင်အခွန်ဌာနက ကောက်နေတာရှိတာပဲ၊ ဒါက တရားမဝင်ဆက်ကြေးကောက်တာပဲ၊ ဒေသဦးစီးအဖွဲ့ကPNO ဆိုတော့ အုပ်ချုပ်ရေးကိုယ်တိုင်က တရားမဝင် ဆက်ကြေးကောက်နေတာ၊ လူထုမှာ စစ်ရေးအထောက်အပံ့ငွေဆိုပြီး မရှိတဲ့ထဲကထည့်ရ၊ လူပေးရနဲ့ အစိုးရကိုယ်တိုင်က လူထုကို ဓားပြတိုက်နေတာ” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။

အခွန်ဟုခေါင်းစဉ်တပ်ထားသော ဆက်ကြေးပေးဆောင်ခြင်းမပြုလျှင် ပအိုဝ်းဒေသ၌ မနေရန်၊ ရပ်ရွာမှ မောင်းထုတ်ရန် ခြိမ်းခြောက်ခြင်းများရှိနေသည်ဟုသိရသည်။

ဒေသတွင်း၌ အဓမ္မဆက်ကြေးကောက်နေသော PNO စီးပွါးရေးနှင့် ပိုင်ဆိုင်မှုလုပ်ငန်းများအနေဖြင့် ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးရယူပြီးနောက်ပိုင်း နဝတ စစ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပတ္တမြားနှင့် ကျောက်မျက်ရတနာလုပ်ငန်း၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်နှင့် ဝိုင်လုပ်ငန်းများ အပြင် ကျောက်စိမ်း၊ ရွှေ၊ ကျောက်မီးသွေးနှင့် အခြားသတ္တုတူဖော်ရေးလုပ်ငန်းလုပ်ကွက်များ ရှိသလို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးခြင်းများလည်း လုပ်ဆောင်လျှက်ရှိနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

အထူးဒေသ၆ ပအိုဝ်းဒေသ ဦးစီးကော်မတီ ဦးခွန်စံလွင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မတီဝင်ဖြစ်သလို အထူးဒေသ (၆)၊ ပအိုဝ်းဒေသကို တိုင်း (၄)တိုင်း၊ မြို့နယ် (၉) မြို့နယ်နှင့် ဖွဲ့စည်းထားကြောင်းသိရသည်။

လက်ရှိ PNO ပြည်သူ့စစ်စစ်ဦးစီးချုပ်သည် ဗိုလ်မှူးကြီးခွန်မြင့်အောင်ဖြစ်ပြီး၊ ဒုစစ်ဦးစီးချုပ်နှစ်ဦးသည် မြန်မာနိုင်ငံအချမ်းသာဆုံး ခရိုနီသူဌေးကြီးစာရင်းဝင် ဗိုလ်မှူးကြီးနေဝင်းထွန်းနှင့် ဒုမှူးကြီး ခွန်စိန်မင်းဖြစ်သည်။

PNOအဖွဲ့သည် ပအိုဝ်းလူထုအပေါ် ဆက်ဆံနေမှုနှင့်ပတ်သက်၍PNLO စစ်ဦးစီးချုပ် ခွန်သူရိန်က လူမှုကွန်ရက်၌ “ အမှန်ပြောရမယ်ဆိုရင် PNO မှာ မိမိအမျိုးသားကို အမှန်တကယ်ချစ်တဲ့ လူတွေ အာဏာမရှိဘူး၊ နေရာမရကြပါဘူး၊ မိမိလူမျိုးကို အမှန်တကယ်မချစ်တဲ့၊ ချစ်ယောင်ဆောင်တဲ့သူတွေနဲ့ မိမိအကျိုးစီးပွါးကိုလိုလားတဲ့သူတွေပဲ PNO မှာနေရာရကြတယ်၊ စစ်အာဏာတွေရကြတယ်၊ သူတို့တွေက ငွေကြေးချမ်းသာကြတယ်၊ ရွှေငွေပစ္စည်း ဥစ္စာပေါကြွယ်ဝကြတယ်၊ ပအိုဝ်း လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးသူတွေကိုတော့ ချောင်ထိုးထားကြတယ်၊ တန်ဖိုးထားမခံရဘူး၊ ဒါတွေကို ဒီကနေ့ ကျွန်တော်တို့ ပအိုဝ်းတိုင်းရင်းသား မိဘပြည်သူတွေ၊ ပအိုဝ်းလူမှုအဖွဲ့အစည်းတွေ၊ ပအိုဝ်းတော်လှန်ရေးခေါင်းဆောင်တွေ သေချာစဉ်းစားဖို့လိုပြီ” ဟုပအိုဝ်းဘာသာစကားနှင့် ဖြန့်ရေးသားဖြန်ဝေထားသည်။

ယမန်နေ့က ထုတ်ပြန်သည့် BWCI ၏ အစီရင်ခံအရ ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်တောင်ပိုင်းတွင် PNA မှ ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရပ်သား ၂၇ ဦးရှိခဲ့ပြီး အတည်ပြုနိုင်ခြင်းမရှိသေးသူ ၅ ဦးခန့်ရှိကြောင်း ပါရှိခဲ့ပြီး PNLA News & Information Department ထုတ်ပြန်ချက်များအရ စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ်အနေဖြင့် ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာအတွင်း ပအိုဝ်းပြည်သူ ရာဂဏန်းကျော် ကို သတ်ဖြတ်ခဲ့သည်။

PNOပြည်သူ့စစ်သည် စစ်ဒေသ (၈) ဒေသ၊ ဗျူဟာ (၈) ဗျူဟာနဲ့ စစ်ရေးစီမံနေပြီး လက်ရှိမှာ အထူးကွန်မန်ဒိုတပ်ရင်း၊ နည်းပညာတပ်ရင်း၊ ဗဟိုလုံခြုံရေးတပ်ရင်း၊ ဗဟိုဆေးတပ်ရင်း၊ ဗဟိုဂုဏ်ပြုတပ်ရင်းအပါအဝင် တပ်ရင်းပေါင်း ၃ဝ၊ အင်အား၄သောင်းနှင့်စုဖွဲ့ထားကြောင်း စစ်ရေးလေ့လာသူများထံက သိရသည်။

၁။ အိမ်
၂။ လှေကား၃ဆင့်အိမ်
၃။ တွဲကားရှည်
၄။ ၁၀/၁၂ ဘီးကား
၅။ ၆ ဘီးကား
၆။ တင်ဘာကား၊ ထွေလာဂျီ၊ ၁၄ ပေအောက် ကားများ
၇။ ထွေလာဂျီအသေး
၈။ ထွန်စက် စက်အား ၅၀အောက်
၉။ ထွန်စက် စက်အား ၅၀ အထက်
၁၀။ ဘက်ဟိုး/ loader (၁ တန်နှုန်း)
၁၁။ ပွဲရုံအကြီး
၁၂။ ပွဲရုံအသေး
၁၃။ ကြက်ခြံ
၁၄။ ဆီပန့်အကြီး
၁၅။ ဆီပန့်အလတ်
၁၆။ ဆီပန့်သေး
၁၇။ ဆန်စက်အကြီး
၁၈။ ဆန်စက် အလတ်
၁၉။ ဆန်စက် အသေး
၂၀။ ဆီစက်
၂၁။ ဆီစက် (အရည်ရွှမ်း)
၂၂။ ဆိုင်ကြီး (ကုန်စံုဆိုင်)
၂၃။ အင်္ကျီဆိုင် သေး
၂၄။ အင်္ကျီဆိုင် အကြီး
၂၅။ ကားဝပ်ရှော့ အကြီး
၂၆။ ကားဝပ်ရှော့အသေး
၂၇။ စားသောက်ဆိုင် စည်ဘီယာ
၂၈။ စားသောက်ဆိုင် အလတ်
၂၉။ စားသောက်ဆိုင် အသေး
၃၀။ ဖုန်းဆိုင် အသေး
၃၁။ ဖုန်းဆိုင် အလတ်
၃၂။ ဖုန်းဆိုင်အကြီး
၃၃။ ပရိဘောဂဆိုင်သေး

မဟာ
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now