ဒေသတွင်းသတင်း

မိုင်းဆတ်အခြေစိုက် စကခ(၁၄) မှ စစ်သုံ့ပန်းမိသားစုများ ခံစားခွင့် ဖြတ်တောက်ခံရ

မဲခေါင် 13 Feb - 2025
မိုင်းဆတ်အခြေစိုက် စကခ(၁၄) မှ စစ်သုံ့ပန်းမိသားစုများ ခံစားခွင့် ဖြတ်တောက်ခံရ

မိုင်းဆတ်အခြေစိုက် စကခ(၁၄) မှ စစ်သုံ့ပန်းမိသားစုများ ခံစားခွင့် ဖြတ်တောက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၁၃

လားရှိုးမြို့သိမ်းတိုက်ပွဲ၌ ကိုးကန့်တပ်မှ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသည့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့အခြေစိုက်အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်သည်များ၏ မိသားစုဝင်များ ယခုလမှစတင်ကာ ခံစားခွင့် ဖြတ်တောက်ခံရကြရသည်။

စကခ(၁၄)မှ စစ်သည်များ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည်မှာ ၆ လပြည့်ပြီးဖြစ်ရာ ၎င်းတို့၏ ယခုနှစ်၊ ဇန်နဝါရီလ လစာကိုသာ နောက်ဆုံးထုတ်ပေးခြင်းဖြစ်ပြီး ယခုလ မှစတင်ကာ လစာထုတ်ပေးမည်မဟုတ်ကြောင်းနှင့် မှီခိုများအတွက်ထောက်ပံ့သည် ဆန်ဆီများကိုလည်း ဆက်လက်ထုတ်ပေးမည်မဟုတ်ကြောင်းနှင့် ထုတ်ယူပြီးပါကလည်း တန်ကြေးငွေပြန်လည်ပေးသွင်းရမည်ဟု ဌာနချုပ် တပ်ခွဲမှူးက မိသားစုဝင်များကို ခေါ်ပြောသည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

“ ဘယ်ကမှ ဝင်ငွေမရှိတဲ့အပြင် ယောက်ျားလစာလည်းမရ၊ ရိက္ခာလည်းမရတော့ ကျွန်မတို့ဘာနဲ့သွားစားရမလဲ မသိတော့ပါဘူး၊ ဒီလိုလုပ်တာဟာတပ်ထဲမနေနိုင်အောင် တစ်ဖက်လှည့်နဲ့မောင်းထုတ်နေတာရှင့်” ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ခံစားခွင့်များမပေးသော်လည်း တပ်တွင်းလိုင်းခန်း၌ နေထိုင်စဉ်ကာလအတွင်း တခြားသော မိသားစုဝင်များနှင့်တန်းတူ ဖက်ထိပ်(လုပ်အားပေး)ရမည်ဟုလည်း ပြောသည်ဟု ဆိုသည်။

တိုက်ပွဲ၌ ပျောက်ဆုံးသူများကို ၆လအကြာတွင် သေစာရင်းသွင်းကာ မည်သည့်ထောက်ပံ့မှု၊ ရပိုင်ခွင့်မျှမပေးသည့်အပြင် ဘဏ်စုငွေများကိုလည်း ထုတ်ယူခွင့်မပြုပဲ တပ်မှမောင်းထုတ်နေသည်ဟု ပြောပါသည်။

“တပ်က သင်တန်းတွေလည်းတက်ရ၊ ကင်းလည်းစောင့်ရ၊ ဖက်ထိပ်လည်းလုပ်ရတာတွေအပြင် ဆရာကြီးကတော်၊ အရာရှိကတော်တွေ ငြိုငြင်မှာလည်းကြောက်ရနဲ့ ကျွန်ဝယ်ရာ အစစ်ပါ၊ ကျွန်မတို့ဘဝတွေမှာ လင်သေ ဘာမှမရှိ၊ ကလေးတွေနဲ့အားကိုးရာမဲ့ဘဝတွေပါ” ဟု မိုင်းဆတ်မြို့အခြေစိုက် တပ်ရင်းတစ်ရင်းမှ တိုက်ပွဲကျ စစ်သားတစ်ဦး၏ဇနီးကပြောသည်။

ထိုအမျိုးသမီးသည် စစ်ကောင်စီက မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ပြီး စစ်ကောင်စီစစ်သည်၏ ဇနီးမယားဖြစ်သောကြောင့် ရပ်ရွာက မကြည်ဖြူမှာကိုသိသဖြင့် မပြန်ရဲကြောင်း၊ အတန်းပညာနည်းပါးသည့်အပြင် အတတ်ပညာမရှိခြင်း၊ တခြားဒေသများကိုလည်းမသွားတတ်သူဖြစ်ခြင်းကြောင့် မိုင်းဆတ်တွင်သာ ရရာအလုပ်လုပ်ပြီးနေထိုင်ရမည်ဟုပြောသည်။

မဟာ
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now