ဒေသတွင်းသတင်း

အခမဲ့ ပညာရေးစနစ်ဖြစ်ပေမယ့် တာချီလိတ်မြို့နယ် အထက မိုင်းကိုးကျောင်းမှာ ကျောင်းသားတွေ လစဉ်ကြေးပေးရ

မဲခေါင် 28 Jan - 2025
အခမဲ့ ပညာရေးစနစ်ဖြစ်ပေမယ့် တာချီလိတ်မြို့နယ် အထက မုန်းကိုးကျောင်းမှာ ကျောင်းသားတွေလစဉ်ကြေးပေးရ

မဲခေါင်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ကျေးရွာအခြေစိုက် အထက မိုင်းကိုးကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေထံက တစ်ဦးကို ၁၀ ဘတ်(ကျပ် ၁၃၀၀)လစဉ်တောင်းခံနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ပညာရေးဋ္ဌာနက ခွင့်ပြုထားတာမျိုးမရှိပဲ ရေနဲ့မီးအတွက်ဆိုပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်လှလှမိုးကိုယ်တိုင် ကောက်ခံနေတာလို့ ပြောပါတယ်။

“ကလေးတွေက မိဘတွေဆီမှာ မတောင်းရဲသလို ကျောင်းကိုလည်း ကြောက်ရတော့ သူတို့လေးတွေရတဲ့ မုန့်ဖိုးထဲက ပေးနေကြတယ်” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေ လစဉ်ငွေကြေးပေးသွင်းကြပေမယ့် ကျောင်းသုံး အိမ်သာတွေ သုံးမရအောင် ပျက်စီးယိုယွင်းနေသလို ရေလည်း မရှိတာကြောင့် ကလေးတွေက ကျောင်းအိမ်သာကို ရှက်လို့ မတက်ကြပဲ အောင့်အီး ကြိတ်မှိတ်နေကြတယ်လို့ ပြောပါတယ်။

“ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ အရှက်ကိုလျစ်လျူရှုထားပြီး ငွေရရှိရေးကိုသာ ရှေးရှုဆောင်ရွက်နေတယ်” လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ရေစက်ပျက်တဲ့အခါမှာလည်းကျောင်းသူ၊ ကျောင်းသားတွေဆီက ငွေကောက်နေတာ၊ ရေနဲ့မီးအတွက်ဆိုပြီးငွေကောက်နေတာရှိပေမယ့် အိမ်သာရေမရှိတာ၊ အိမ်သာမပြုပြင်တာတွေကို အထက်ကသိစေချင်တယ်လို့ ကျောင်းသားမိဘတွေကဆန္ဒရှိကြပါတယ်။

အခမဲ့ပညာရေးစနစ်မှာ တာချီလိတ်မြို့ပေါ်က အခြားကျောင်းတွေက ကလေးတွေနည်းတူ တန်းတူအခွင့်အရေးရရှိပြီး စိတ်ဓာတ်ရေးရာနဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ကျောင်းအုပ်ဆရာမကြီးအနေနဲ့ လုပ်ဆောင်ပေးစေချင်တယ်လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

မဲခေါင်အနေနဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းဘက်က ဖြေရှင်းပြောဆိုခွင့်အတွက် အဲ့ဒီကျောင်းမှာတာဝန်ထမ်းဆောင်နေတဲ့ NON CDM ဝန်ထမ်းတစ်ဦးကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသလို ကျောင်းအုပ်ကိုလည်း ဆက်သွယ်ခွင့်မရပါဘူး။

တာချီလိတ်မြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်း (အထက) ၆ ကျောင်းရှိပြီးအခု မိုင်းကိုး အထက မှာ အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၈၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

MK-012
#MeKongNews
# တာချီလိတ်မြို့နယ်
#ပန်ဟတ်ကျေးရွာ
#အထကမိုင်းကိုး
#လစဉ်ကြေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now