လာဘ်စားလို့ နေရာပြောင်းရတဲ့ တာချီလိတ်စရဖ တာဝန်ခံအရာရှိ တပ်ကထွက်ပြေး
မဲခေါင်၊ ဇန်နဝါရီ ၂၂
မြို့ပေါ်မှာ ငွေတောင်းကြမ်းတဲ့ တာချီလိတ် စရဖ တပ်စုက တာဝန်ခံအရာရှိဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နေရာပြောင်းရွေ့ခံရပြီးနောက် တပ်ကထွက်ပြေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
စရဖ တပ်ဆွယ်မှူးဟာ တရားမဝင်ငွေကြေးတောင်းတာတွေနဲ့ ပတ်သက်လို့ တိုင်တန်းခံရတာဖြစ်ပြီး တပ်ပြောင်းမိန့်ပေးရာမှာ ရှေ့တန်းထွက်ရမှာစိုးလို့ တာဝန်ကျရာနေရာကို မသွားဘဲ လမ်းမှာထွက်ပြေးသွားတာဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“အဲ့ဒီဗိုလ်ကြီးက အတော်ဆိုးတာ လောင်းကစားဝိုင်းတွေကလဲ ဆပ်ကြေးတအားကောက်တယ်။ ပြီးရင် ဘယ်သူနဲ့မှမတည့်ဘူး။ တိုင်ခံလိုက်ရလို့ ပြောင်းခိုင်းလိုက်တာ ထွက်ပြေးသွားတာ”လို့ သူကပြောပါတယ်။
စရဖ အရာရှိဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ လုပ်ငန်းရှင်တစ်ဦးရဲ့နေအိမ်ကို ဖမ်းဆီးရေးအကြောင်းပြပြီး ငွေတောင်းအကြပ်ကိုင်ရာက တိုင်တန်းခံလိုက်ရတာဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသကို ပြောင်းရွေ့ရမှာဆိုးတာကြောင့် တပ်ကထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။
တာချီလိတ်မှာ တရားမဝင် လောင်းကစားဝိုင်း၊ ကျားဖြဲန်ငွေလိမ်ဂိုဏ်း၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ငါးဂိမ်းခုံတွေကို စစ်ဖက်ရေးရာ(စရဖ)က အကာအကွယ်ပေး လိုင်းကြေးကောက်တာတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းမှာ စရဖတပ်တွေကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရဲ့ လက်အောက်နေတဆင့် ကျိုင်းတုံမှာ ခရိုင်ဦးစီးအရာရှိထိုင်ကာ ကွပ်ကဲတာဖြစ်ပြီး မြို့နယ်တွေမှာ တပ်စု၊ မြို့နဲ့ နယ်မြေတွေမှာ တပ်ဆွယ်တွေဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
MK-002
#MeKongNews








