တာလေမြို့မှာ ရောဂါကြောင့် သေတဲ့ဝက်တွေကို မြစ်ချောင်းအတွင်းစွန့်ပစ်နေ
မဲခေါင်၊ ဇန်နဝါရီ ၂၁
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ထဲက ကျေးရွာတွေမှာ ရောဂါကြောင့်သေတဲ့ ဝက်တွေကို မြစ်ချောင်းတွေထဲ စွန့်ပစ်တာတွေပြုလုပ်နေတာကြောင့် တားဆီးပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
အခုလ ဒုတိယပတ်ကစပြီး တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ဟွေဝုန်းရွာအနီး ပတ်ဝန်းကျင်ကျေးရွာတွေမှာ အားနည်းရောဂါကြောင့် ဝက်တွေသေဆုံးနေတာဖြစ်ပြီး အဲ့ဒီဝက်သေတွေကို ကြိုးနဲ့တုပ်ပြီး မြစ်ချောင်းတွေထဲ စွန့်ပစ်နေတာပါ။
“ ကျွန်မတို့က ရာသီဥတု အေးလွန်းလို့ သေတာလို့ယူဆကြတာ၊ တိမွေးကုက ပြောမှ ဝက်အားနည်းရောဂါလို့ သိရတာ” လို့ မိုင်းလင်း၊ ဝမ်လုံးရွာ က ဝက်မွေးသူ အမျိုးသမီး တစ်ဦးကပြောပါတယ်။
ရောဂါကူးစက်ခံရတဲ့ ဝက်တွေဟာ အစာမစားတော့ဘဲ ၃-၄ ရက်အကြာမှာ ဦးခေါင်းယောင်ရမ်းလာပြီး ပါးစပ်ထဲက သွေးထွက်ကာ သေဆုံးသွားကြတာလို့ သိရပါတယ်။
ရောဂါပြန့်ပွားမှု မဖြစ်ပွားအောင် စနစ်တကျ မြေမြှုပ်စွန့်ပစ်ဖို့နဲ့ ရေချောင်းထဲတွေ မစွန့်ပစ်ကြဖို့ ပညာပေး လုပ်ဆောင်နေကြကြောင်း သိရပါတယ်။
တာလေမြို့ပေါ် ၄ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃ အုပ်စုက ဝက်မွေးမြူသူတွေအနေနဲ့ ကျန်းမာရေးအသိရှိပြီး မြိုနယ် တိမွေးကုဌာနနဲ့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုအပ်နေတယ်လို့ ပြောနေကြပါတယ်။
မြို့နယ်ကုသရေးနဲ့မွေးမြူရေးဌာနကတော့ရောဂါနဲ့ သေတဲ့ ဝက်သားတွေကို မစားကြဖို့၊ စနစ်တကျမြေမြုပ်ကြဖို့ ၊ မိမိမွေးမြူထားတဲ့တိရိစ္ဆာန်မှာ ရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိပါက မြို့နယ်ကုသရေးနဲ့မွေးမြူရေးဌာနကို အမြန်ဆုံးအကြောင်း ကြား ကြဖို့နှိုးဆော်ထားကြောင်း သိရပါတယ်။
၂၀၁၉ ခုနှစ် ၊ နှစ်လယ်ပိုင်းက ရှမ်းအရှေ့ပုံပါကျင်လိုမြို့တွေမှာ ဝက်ခြံလုံးကျွတ် သေဆုံးမှုတွေဖြစ်ပွားခဲ့ဖူးကြောင်းသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
MK-012









