ဒေသတွင်းသတင်း

စစ်ကောင်စီနဲ့ ရဲက လိုင်းကြေး သိန်းဆယ်ချီ ရယူ ခွင့်ပြုထားတဲ့ ကြက်တိုက်လောင်းကစားဝိုင်း ပင်လုံမှာ စည်ကားနေ

မဲခေါင် 15 Jan - 2025
စစ်ကောင်စီနဲ့ ရဲက လိုင်းကြေး သိန်းဆယ်ချီ ရယူ ခွင့်ပြုထားတဲ့ ကြက်တိုက်လောင်းကစားဝိုင်း ပင်လုံမှာ စည်ကားနေ

စစ်ကောင်စီနဲ့ ရဲက လိုင်းကြေး သိန်းဆယ်ချီ ရယူ ခွင့်ပြုထားတဲ့ ကြက်တိုက်လောင်းကစားဝိုင်း ပင်လုံမှာ စည်ကားနေ

မဲခေါင်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့မှာ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလ မတိုင်ခင်ကတည်းက စစ်တပ်နဲ့ ရဲက လိုင်းကြေးငွေ သိန်းဆယ်ချီရယူပြီး ကြက်ဝိုင်းတွေကို ဖွင့်လှစ်ခွင့် ပေးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကြက်ဝိုင်း ဖွင့်လှစ်နိုင်ဖို့အတွက် ပင်လုံမြို့ခံတစ်ဦးနဲ့ လားရှိုးကနေ ပင်လုံကို ပြောင်းရွေ့လာသူ တစ်ဦးက ပင်လုံမြို့ရဲတပ်ဖွဲ့ကို ကျပ် ၁၀သိန်း၊ ရဲတပ်ဖွဲ့ကနေတဆင့် စစ်ကောင်စီကို တစ်လ ကျပ်သိန်း ၃၀ ပေးဆောင်ကာ ဖွင့်လှစ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပင်လုံမြို့၊ တန့်အယ်ကျေးရွာနဲ့ နောင်လိုင်ကျေးရွာဖက်မှာ ကြက်ဝိုင်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပါတ်က စတင်ကာ ခွင့်ပြုပေးထားတာ ဖြစ်ပြီး ဒီနေ့ထိ လာရောက်ဆော့ကစားသူ၊ လည်ပတ်သူ၊ အရက်ဘီယာနဲ့ အစားအသောက်ရောင်းချသူတွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။

ကြက်လာတိုက်သူ တစ်ရက်ကို ၃၀ ကျော်ရှိကာ လာရောက်ကြည့်ရှု့သူ၊ ဈေးရောင်းချသူတွေနဲ့ ပွဲလုပ်နေတယ် ထင်ရလောက်အောင် စည်ကားနေတယ်လို့ ဒေသခံက ပြောပါတယ်။

“ ရန်ဖြစ်တာ၊ စကားများကြတာလည်း ခဏခဏတွေ့ရတယ်”လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကြက်ဝိုင်းကို တောင်ကြီး နဲ့ လားရှိုးဖက်ကနေ ပြောင်းလာတဲ့ စစ်ရှောင်တွေထဲက အများဆုံးလာ တိုက်ကြတာဖြစ်ပြီး တစ်ဝိုင်းကို သိန်းဆယ်ချီ လောင်းကြေးထွက်တယ်လို့ဒေသခံက ပြောပါတယ်။

“ဆိုးကျိုးက ဘာဖြစ်လာလဲဆိုတော့ ရွာဖက်နဲ့ နီးစပ်ရာမှာ ဆိုင်ကယ်တွေ၊ ပစ္စည်းတွေ ခဏခဏပျောက်လာတယ်”လို့လည်း နောင်လိုင်ရွာခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ် ၊ ရဲတပ်ဖွဲ့အနေနဲ့ အာဏာသိမ်းပြီးချိန်မှ စတင်ပြီး ဒီကနေ့ထိ နိုင်ငံရေး၊ တော်လှန်ရေး လုပ်ကိုင်သူတွေ၊ ဆက်စပ်ပါတ်သက်သူတွေကို အပူတပြင်းလိုက်လံရှာဖွေ နေပေမယ့် လောင်းကစားဝိုင်းတွေကို လောင်းကြေးရယူပြီး ဖွင့်လှစ်ခွင့်ပြုထားသလို ခိုးဆိုးလုနှိုက်တွေကိုလည်း မျက်ကွယ်ပြုထားလေ့ ရှိပါတယ်။

CJ-003
#MeKongNews
ဓါတ်ပုံ။ ကြက်ဝိုင်းကြည့်ရှုနေသူတွေ။ ဒေသခံပေးပို့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now