ဒေသတွင်းသတင်း

စစ်ရှုံးနေတဲ့ စစ်ကောင်စီက ရေဘေးသင့်အတွက် အလှူငွေ ကျပ် ၁၁ ဒဿမ ၉၇ ဘီလီယံကျော်ရရှိထားပေမယ့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေး ခုထိမလုပ်နိုင်

မဲခေါင် 13 Jan - 2025
စစ်ရှုံးနေတဲ့ စစ်ကောင်စီက ရေဘေးသင့်အတွက် အလှူငွေ ကျပ် ၁၁ ဒဿမ ၉၇ ဘီလီယံကျော်ရရှိထားပေမယ့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေး ခုထိမလုပ်နိုင်

စစ်ရှုံးနေတဲ့ စစ်ကောင်စီက ရေဘေးသင့်အတွက် အလှူငွေ ကျပ် ၁၁ ဒဿမ ၉၇ ဘီလီယံကျော်ရရှိထားပေမယ့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေး ခုထိမလုပ်နိုင်

မဲခေါင်၊ ဇန်နဝါရီ ၁၃

ရေဘေးသင့်အတွက် အလှူငွေ ကျပ် ၁၁ ဒဿမ ၉၇ ဘီလီယံကျော်ရရှိထားတဲ့ စစ်ကောင်စီက ၆ လအတွင်း ပြန်လည်ထူထောင်ရေး အပြီးလုပ်မယ် ကြေညာထားပေမယ့် ၄ လကျော်တဲ့အထိ အင်းလေးဒေသခံတွေ အထောက်အပံ့မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရှုံးနေတာကြောင့် ပြည်သူအတွက် ပြုလုပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးချုပ်ရုံး၊ ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်က ပြောပါတယ်။

ရေကြီးရေလျှံဖြစ်စဉ်ကြောင့် ရေဘေးသင့်ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို ၆ လအတွင်းအပြီးလုပ်ဆောင်မယ်လို့ ၂၀၂၄ ၊ စက်တင်ဘာလ ၂၁ ရက်၊ နေပြည်တော် မြို့တော်ခန်းမမှာ စစ်ကောင်စီ အကြီးအကဲကိုယ်တိုင်ပြောခဲ့ပေမယ့် ပြည်တွင်း ပြည်ပကအလှူငွေတွေ အင်းလေးဒေသရေဘေးသင့်တွေအတွက် စစ်ကောင်စီကတဆင့် ဘာအကူအညီမှ ခုထိမရဘူးလို့ရေဘေးသင့်တွေက ပြောပါတယ်။

ငွေလိုအပ်နေတဲ့ စစ်ကောင်စီက ဘယ်ကနေငွေရရ ရသမျှငွေကို စစ်အသုံးစရိတ်အတွက် အသုံးပြုနေတာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း စစ်အသုံးစရိတ်ကိုတိုးမြှင့်သွားမှာဖြစ်လို့ ပြည်သူအတွက် ဘာတစ်ခုမှအသုံးပြုမှာမဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ်ကပြောပါတယ်။

” စစ်အကြီးအကျယ်ရှုံးနေတော့ ဘက်ဂျက်တွေကိုတခြားနေရာအတွက်မသုံးပဲနဲ့ ဒီစစ်ရေးအတွက်ပဲ အဓိက သုံးတယ်ဆိုတာကို သူတို့ရဲတရားဝင်ဖော်ပြတဲ့ဘက်ဂျက်ဇယားတွေမှာ ကျနော်တို့တွေ့ရတယ်လေနော်၊ အဲ့တော့ဒီတိုင်းပဲဆက်သွားမယ့်သဘောပဲ” လို့ဦးနေဘုန်းလတ်က ပြောပါတယ်။

ရေဘေးသင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ပထမအကြိမ်မှာ ကျပ် ၃၂ ဘီလီယံ ကျော်နဲ့ ဒုတိယအကြိမ်မှာ ကျပ် ၁၀ ဘီလီယံကျော် ရရှိခဲ့တယ်လို့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာ ကျင်းပတဲ့ ရေဘေးသင့်ဒေသကူညီကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ်လှူဒါန်းငွေလက်ခံပွဲမှာ စစ်ကောင်စီခေါင်းဆောင်က ပြောတာပါ။

ရန်ကုန်တိုင်းရုံးမှာပြုလုပ်တဲ့ တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲမှာရရှိတဲ့ ပြန်လည်ထူထောင် ရေး ပစ္စည်းတွေနဲ့ အလှူငွေ အပါအဝင် ပထမ၊ ဒုတိယ၊ တတိယအကြိမ် စုစုပေါင်းဟာ ကျပ် ၁၁ ဒသမ ၉၇ ဘီလီယံကျော် လက်ခံရရှိခဲ့တယ်လို့ ONE NEWS မီဒီယာကဖေါ်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ စစ်ကောင်စီအဖွဲ့အပါအဝင် ဌာနဆိုင်ရာအားလုံး အကျင့်ပျက်ခြစားနေတာဖြစ်လို့ ရရှိတဲ့ငွေတွေကို တခြားဘက်လှည့်သုံးမှာပဲလို့ CDM စစ်သား တပ်ကြပ်ကြီးစာရေးကိုဇေယျက ပြောပါတယ်။

သူက “စစ်တပ်ကအုပ်ချုပ်နေတဲ့အချိန်ဆိုတော့ ဒါမျိုးဖြစ်တာက မဆန်းဘူးလို့မြင်တယ် ၊ ခုချိန်က ရှုပ်ယှက်ခတ်နေတဲ့အချိန်ဆိုတော့ပိုဆိုးတယ်၊ အကုန်လုံးကအကျင့်ပျက်ချစားပြီးတိုင်းပြည်က ဖရိုဖရဲဖြစ်နေတဲ့အချိန်၊ ဒေါ်လာနဲ့ရတယ်ဆိုရင်ပိုဆိုးတယ်”လို့ပြောပါတယ်။

အင်းလေးဒေသ ရေဘေးသင့်ပြန်လည်လည် ထူထောင်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်းက နှစ်ကြိမ်အကူအညီရရှိခဲ့ပေမယ့် ခေတ်ကာလ ကျပ်ငွေတန်ဖိုးကျဆင်းနေတာရယ်၊ ကုန်ဈေးနှုန်းမြင့်မားနေတာရယ်၊ အလုပ်အကိုင်ရှားပါးနေတာရယ်ကြောင့် ရရှိတဲ့ငွေဟာ ပြန်လည်ထူထောင်ရေးအတွက် လုံလောက်မှုမရှိပဲ ခုချိန်မှာစားရေး၊ ဝတ်ရေး၊ နေရေးတွေမှာ အကြပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

၂၀၂၄ခုနှစ်၊ မိုးရာသီမှာ ကျရောက်တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ်းလုံး ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ရာမှာ အင်းလေးဒေသလည်းပါဝင်ခဲ့ပါတယ်။ အင်းလေးဒေသမှာ အခု ရေကြီးရေလျှံခြင်းဟာ နှစ်ပေါင်း ၃၀ အတွင်းအဆိုးဝါးဆုံးလို့ RFA က အခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်မှာသတင်းဖေါ်ပြထားပါတယ်။

ရေကြီး ရေလျှံဖြစ်စဉ်ကြောင့် အင်းလေဒေသမှာ ပြည်သူတွေ အိုးအိမ်တွေပြိုကျပျက်စီးသွားတဲ့အပြင် ဝင်ငွေအတွက်မှီခိုအားထားရတဲ့ ကျွန်းမျှောစိုက်ခင်းတွေလည်းပျက်စီးသွားတာဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့သူ နည်းပါးလွန်းတာရယ်၊ အလုပ်အကိုင်လည်းရှားပါးလွန်းတာရယ်ကြောင့် ခုအခါမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန်အမျိုးမျိုးလိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

“ အလုပ်ဆိုလည်း သိပ်မခေါ်တော့ဘူး၊ နေ့စားလိုက်ရင်လည်း အရင်ကဈေးအတိုင်းမရတော့ဘူး ၊ ရေကြီးဒဏ် ကြုံကြရတော့ သူသူငါငါ အခက်အခဲဖြစ်ကြကုန်တယ်၊ ကိုယ့်ကိုယ်ကိုလည်း ပြန်လည်ထူထောင်ရေးလည်းလုပ်ရ ၊ကုန်ဈေးနှုန်းကလည်း မြှင့်တက်နဲ့ဆိုတော့ စားဖို့သောက်ဖို့ တော်တော်လေး ရုန်းကန်ရတဲ့အခြေအနေ မှာရှိနေတယ်” လို အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။

အင်းလေးဒေသမှာ ရေကြီးပြီးတာ ၄လ ကျော်ပြီဖြစ်ပေမယ့် ဒေသခံတော်တော်များများဟာ စိုက်ပျိုးရေးပြန်လုပ်ဖို့နဲ့ စားဝတ်နေရေး ပုံမှန်ပြန်လည်လည်ပတ်ဖို အများကြီးခက်ခဲနေသေးတယ်လိုလည်း သိရပါတယ်။

၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၇ ရက်က ဗီယက်နမ်နိုင်ငံကို တစ်နာရီ မိုင် ၁၃၀ နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် အကြွင်းကျန်မိုးသားတိမ်တိုက်တွေဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနဲ့ မြန်မာနိုင်ငံအထိ အဆင့်ဆင့်ရောက်ရှိပြီး စံချိန်တင် မိုးရွာသွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံကို ကြွင်းကျန်မိုးသားတိမ်တိုက်တွေ ရောက်ရှိချိန်မှာ ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယနိုင်ငံအစပ်မှာလည်း စက်တင်ဘာ ၉ ရက် နဲ့ ၁၀ ရက်တွေမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခခုဖြစ်ပွါးခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်မှာ မိုးရွာသွန်းမှု ပိုမိုများပြားခဲ့ပါတယ်။ အဲ့ဒီမိုးကြောင့် မြန်မာနိုင်ငံတဝှမ်း ရေကြီးရေလျှံဖြစ်ပေါ်တာ၊ မြေပြိုတာတွေဖြစ်ပွါးခဲ့တာပါ။

MK-016/ CJ-018
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now