သိန္နီမြို့ကို စစ်ကောင်စီ ဗုံးကြဲဖြစ်စဉ်မှာ အိမ်တစ်လုံး ပြိုကျပျက်စီး
မဲခေါင်၊ ဇန်နဝါရီ ၂
ရှမ်းပြည်မြောက်ပိုင်း MNDAA ထိန်းချုပ်တဲ့ သိန္နီမြို့ကို မနေ့ (ဇန်နဝါရီ၂) ည ၁၁ နာရီ ၁၈ မိနစ်က ဗုံးကြဲဖြစ်စဉ်မှာ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ နေအိမ်တစ်လုံးပြိုကျခဲ့ပြီး ပတ်ဝန်းကျင်အိမ်တွေရဲ့ အစိတ်အပိုင်းတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံနဲ့ MNDAA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ဗုံးနှစ်လုံးကြဲချရာမှာ ရပ်ကွက်(၁) ထဲက ထားထားဦးဟိုတယ်အနီး တစ်လုံး၊ ကမ်းနားလမ်း ရပ်ကွက်(၃)ထဲရှိ အိမ်ပေါ် တစ်လုံးကျရောက်ပေါက်ကွဲရာမှာ လူထိခိုက်မှုမရှိပဲ ဗုံးကျရောက်ပေါက်ကွဲတဲ့ အိမ်ပြိုကျ ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီက ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ၂၄ ရက်မှာ နမ့်ပေါင်နဲ့ သံလွင်စံပြကျေးရွာက စာသင်ကျောင်းကို နောက်ဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ၃၈ ရက်အကြာမှာ ထပ်မံတိုက်ခိုက်လာခဲ့ခြင်းဖြစ်တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးအဖွဲ့ဝင်တစ်ဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။
MK-012
#MekongNews










