ဒေသတွင်းသတင်း

မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံရတဲ့ဖြစ်စဉ် ဒီနေ့ သုံးနှစ်ပြည့်ပြီ

မဲခေါင် 24 Dec - 2024
မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံရတဲ့ဖြစ်စဉ် ဒီနေ့ သုံးနှစ်ပြည့်ပြီ

မိုဆိုရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံရတဲ့ဖြစ်စဉ် ဒီနေ့ သုံးနှစ်ပြည့်ပြီ

အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားမျှတမှုဖော်ဆောင်နိုင်ရေး KSCC ကြိုးပမ်းနေ

မဲခေါင်၊ ဒီဇင်ဘာ ၂၄

ဒီကနေ့ သုံးနှစ်ပြည့်ပြီဖြစ်တဲ့ မိုဆိုရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ် ပူးပေါင်းကြိုးပမ်းလုပ်ဆောင်နေတယ်လို့ အဲ့ဒီကောင်စီက ဒီနေ့( ဒီဇင်ဘာ ၂၄)မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး နယ်ခြားစောင့်တပ် (၁၀၀၄)မှ တပ်ဖွဲ့၀င်လေးဦးအပါအဝင် စစ်ဘေးရှောင် ရွာသား ၃၅ ဦးကို စစ်ကောင်စီရဲ့ တပ်မ (၆၆) လက်အောက်ခံ၊ ဓနုဖြူတပ်ရင်း ခမရ (၁၀၈) က အဓမ္မဖမ်းဆီးပြီး ဒန်ပါကား သုံးစီး၊ ကားငယ် သုံးစီး၊ ထော်လာဂျီအပါအ၀င်ဆိုင်ကယ် ငါးစီးတို့နဲ့အတူ အရှင်လတ်လတ် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇ၀တ်မှုကျူးလွန်တာတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အားပေးထောက်ခံတဲ့ လုပ်ရပ်တွေ ရှောင်ကျဉ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်မှု ပပျောက်အောင် လူ့အခွင့်အရေးစံနှုန်းတွေကို အကောင်အထည်ဖော် မြင့်တင်ဆောင်ရွက်ကာ တရားမျှတမှုရရှိရေး၊ ပြန်လည်ကုစားမှုရရှိရေး လမ်းကြောင်းတွေ ဖော်ဆောင်သွားဖို့လိုအပ်တယ်လို့ ကရင်ပြည်နယ်အတိုင်ပင်ခံကောင်စီက တိုက်တွန်းထားပါတယ်။

မိုဆိုရွာဖြစ်စဉ်အပါအဝင် ရီခီးဘူး စစ်ရှောင်ပြည်သူတွေကို လေယာဉ်နဲ့ ဗုံးကြဲတဲ့ မတရားလုပ်ရပ်တွေကို စိတ်နာပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီ ၂၂ ရက်မှာ ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုက တပ်ကြပ် ရာထူးရှိတဲ့ အသက် (၄၉) နှစ်အရွယ် ရဲဘော်တစ်ဦး ဖရူဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖရူဆို PDF) ထံ လက်နက်နဲ့တကွ အလင်း၀င်လာခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်ညမှာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း နန်းမယ်ခုံနဲ့ ဖရူဆိုမြို့ အနောက်ဘက်ခြမ်း ရီခီးဘူး စစ်ရှောင်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်စခန်းမှ ကလေးငယ်အပါအ၀င် သုံးဦးနဲ့ ဆေး၀န်ထမ်း သုံးဦးကျဆုံးခဲ့ပါတယ်။

ဒီအပြင် စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်း နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ နေ့စဉ်အသက်ရှင်နေထိုင်မှုဘ၀ ခက်ခဲစေရန် လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာကို ဒီနေ့ထိ နေ့စဉ်နဲ့အမျှ ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

ဒီအတွက် ကရင်နီပြည်သူတွေအနေနဲ့ အလားတူအဖြစ်အပျက်မျိုးမှ ရှောင်ကျဉ်နိုင်ရေး စစ်ကောင်စီရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို သတိထား စောင့်ကြည့်ကြဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေနဲ့ ထိတ်တိုက်တွေ့ဆုံမှုတွေကို ရှောင်ရှားကြဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က ပြည်သူတွေကို တိုက်တွန်းပြောကြားပါတယ်။

CJ-017
#MekongNews
ဓါတ်ပုံ။ ဖြစ်စဉ်မှတ်တမ်းပုံဟောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now