ဒေသတွင်းသတင်း

ကိုးကန့်ဒေသကို ချက်ထားတဲ့ ဟင်းကအစ ‘ဝ’ က ပေးမသယ်

မဲခေါင် 12 Dec - 2024
ကိုးကန့်ဒေသကို ချက်ထားတဲ့ ဟင်းကအစ ‘ဝ’ က ပေးမသယ်

ကိုးကန့်ဒေသကို ချက်ထားတဲ့ ဟင်းကအစ ‘ဝ’ က ပေးမသယ်

မဲခေါင်၊ ဒီဇင်ဘာ ၁၂

MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့နယ်ကို တစ်ကိုယ်ရည်သုံးပစ္စည်းကလွဲပြီး ချက်ထားတဲ့ဟင်းကအစ ‘ဝ’ (UWSA) က ပေးမသယ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဟိုပန်မြို့နယ်ကနေ ကွမ်းလုံမြို့နယ် သွားရောက်ကြမယ့် ဒေသခံတွေကို UWSA က အစားအသောက်တွေ၊ ကုန်စိမ်းသားငါးတွေ၊ မုန့်အပါအဝင် ချက်ပြုတ်ထားတဲ့ဟင်းကအစ ပေးမသယ်ပဲ သယ်ဆောင်လာတဲ့ ပစ္စည်းတွေကို စစ်ဆေးရေးဂိတ်နဲ့ ချောင်းထဲ စွန့်ပစ်လိုက်တာ၊ သိမ်းဆည်းတာ၊ သယ်ဆောင်လာသူတွေကို လှည့်ပြန်ခိုင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

‘ဝ’ နဲ့ကိုးကန့် ကုန်ပစ္စည်းသယ်ယူခွင့်ကို အပြန်အလှန် ကန့်သတ်နေကြတာဖြစ်ပေမယ့် ချက်ထားတဲ့ ဟင်းသယ်မရတဲ့အထိ ‘ဝ’ဘက်ကပိုမိုတင်းကြပ်တာဖြစ်ပါတယ်။ သူတို့ လက်နက်ကိုင်နှစ်ဖွဲ့ကြောင့် ကြားကပြည်သူတွေ ဒုက္ခကြီးမားလာကြောင်း မဲခေါင်က ဒီဇင်ဘာ၂ ရက်မှာ သတင်းဖေါ်ပြဖူးပါတယ်။

“ အမျိုးတွေဆီသွားလည်မယ်ဆိုရင် မုန့်ထုပ်တွေ၊ အချိုရည်ဘူးတွေအစ ယူသွားလို့ မရဘူး၊ ဟင်းတွေယူသွားပြီး အမျိုးတွေကို သွားကျွေးချင်တယ်ဆိုရင်တောင်မှ ပေးမသယ်ဘူး၊ ဂိတ်မှာရဲမေ စစ်ဆေးရေးတွေ တော်တော်တင်းကြပ်ထားတယ်”လို့ သတင်းရင်းမြစ်တယောက်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလကတည်းက ‘ဝ’တပ် ( UWSA ) ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နယ်၊ ဖောင်ဆိပ်ဂိတ်ကနေ ကိုးကန့်ဒေသဘက်ကို ကုန်ပစ္စည်း သယ်ယူတာတွေ တားမြစ်ထားတာဖြစ်ပေမယ့် တပိုင်တနိုင်သယ်ယူခွင့်ကိုတော့ ခွင့်ပြုထားတာဖြစ်ပြီး လက်ရှိမှာတော့ တပိုင်တနိုင်သယ်ယူလာတဲ့ စားသောက်ကုန်၊ ဆေးဝါးစတဲ့ ပစ္စည်းတွေကို ဘာတစ်ခုမှ ပေးမသယ်တော့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကန့်ဘက်ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးပတ်က စတင်ပြီး ဟိုပန်မြို့နယ်ထဲကို ဟင်းသီးဟင်းရွက်တွေ သွားရောက်ရောင်းချတာကို ပိတ်ပင်လိုက်တာကြောင့် ဒေသတွင်းမှာ ဟင်းသီးဟင်းရွက် ဈေးနှုန်းကြီးမြင့်မှုနဲ့ ကုန်စိမ်းရှားပါးမှုဒဏ်တွေကို ဟိုပန်ဒေသခံတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

“ဒီအချိန်ဆို ရေလည်ကျွန်းကစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ ထွက်နေပြီလေ၊ ဒါကို ဟိုပန်တို့၊ နမ့်တစ်တို့ဖက်ကို သွားရောင်းကြတာ၊ မိုးမလင်းဈေးလို့ ခေါ်တာပေါ့၊ ဒါကို ကိုးကန့်ဖက်က ပိတ်လိုက်တော့ ဝမ်းရေးအတွက် နည်းနည်းခက်တာပေါ့၊ အခုဆို ပဲရွက်၊ ဖရုံသီး၊ မှုံညှင်း၊ နံနံပင်တွေ ထွက်နေပြီ၊ ဒါတွေကို ဟိုပန်ဖက်၊ နမ့်တစ်ဖက်မှာ သွားရောင်းရင် ငွေပိုရတယ်လေ”လို့ ကွမ်းလုံဒေသခံ တစ်ယောက်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

CJ-003
#MekongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now