ဒေသတွင်းသတင်း

တရုတ် အငှားမယားဈေးကွက် ပြန်လည်ဦးမော့လာ

မဲခေါင် 6 Dec - 2024
တရုတ် အငှားမယားဈေးကွက် ပြန်လည်ဦးမော့လာ

တရုတ် အငှားမယားဈေးကွက် ပြန်လည်ဦးမော့လာ

နယ်စပ်က အမျိုးသမီးငယ်တွေကို ပစ်မှတ်ထား ခေါ်ယူနေ

မဲခေါင် ၊ ဒီဇင်ဘာ ၆

ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ ပြည်တွင်းပြန်ဝင်လာပြီးနောက် နယ်စပ်ဒေသတွေက အမျိုးသမီးငယ်တွေကို တရုတ်အပျော်မယားလုပ်ဖို့ ဆိုရှယ်မီဒီယာကနေ ပစ်မှတ်ထား ခေါ်ယူနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုနှစ်စပိုင်းမှာ မြန်မာနိုင်ငံနယ်စပ်ဒေသတွေမှာအခြေစိုက်တဲ့ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို တရုတ်နိုင်ငံက နယ်စပ်မြို့တွေအထိ ဝင်ရောက်ဖမ်းဆီးပြီးတဲ့နောက်ပိုင်း အငှါးမယားဈေးကွက် ရပ်တန့်သလောက်ဖြစ်သွားပေမယ့် အခု နိုဝင်ဘာ၊ ဒီဇင်ဘာလအတွင်း ငွေလိမ်ဂိုဏ်းတွေ ပြည်တွင်းပြန်လည်ဝင်ရောက်လာတာနဲ့အတူ အငှားမယားဈေးကွက်လည်း ပြန်လည်ဦးမော့လာတာ ဖြစ်ပါတယ်။

အမျိုးသမီးငယ်တွေကို တစ်လကို တရုတ်ယွမ် ၁၅၀၀၀ လောက်နဲ့ အပျော်မယားလုပ်ဆောင်ဖို့ ဆိုရှယ်မီဒီယာကနေ အကောင်တုတွေအသုံးပြုပြီး စာလိုက်ပို့နေတာ ဖြစ်ပါတယ်။

တစ်ချို့ အမျိုးသမီးတွေကို နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မိုင်းပေါက်၊ ပန်ဆန်းမြို့တွေက တရုတ်နိုင်ငံသားတွေနဲ့ အတူနေထိုင်ရတာတွေရှိပြီး တချို့ကိုတော့တရုတ်နိုင်ငံအတွင်းက ကျေးရွာတွေက အမျိုးသားတွေနဲ့ အငှါးမယားအဖြစ် ခြောက်လပြတ်နဲ့ သွားနေထိုင်ရတာတွေလဲ ရှိနေပါတယ်။

“တစ်ချို့က တာချီလိတ်မြို့ထဲက တရုတ်တွေအလုပ်လုပ်နေတဲ့ ကုမ္ပဏီဝန်းထဲမှာ သူတို့နဲ့ သွားနေရတယ်၊ တစ်ချို့ကြတော့ တရုတ်ပြည်ထဲထိ လိုက်သွားရတယ်၊ တောလမ်းကနေခိုးဝင်သွားရတာလို့ပြောတယ်၊ တရုတ်ရဲဖမ်းခံရရင် အချုပ်ထဲ ခြောက်လလောက်နေပြီး မန္တလေးဘက်ကိုပြန်ပို့တာ”လို့ တရုတ်ပြည်တွင်းထိ အငှားမယားသွားလုပ်ဖူးသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တရုတ် အငှါးမယားလုပ်ဖို့ ပစ်မှတ်ထားခေါ်ယူခံရသူ အမျိုးသမီးငယ်အများစုက KTV မှာ ဟိုင်းမယ် လုပ်ဖူးသူတွေနဲ့ နယ်စပ်မြို့တွေမှာ SexWorker လုပ်ဖူးသူအမျိုးသမီးငယ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။

တရုတ်ပြည်တွင်းရောက်ရှိသွားသူတွေအနေနဲ့ ပွဲစားကသတ်မှတ်ထားတဲ့ လုပ်ခလစာထဲက စရန်အနေနဲ့လစာ ယွမ် ၃၀၀၀၀ လောက်ကို ထုတ်ပေးထားပြီး သတ်မှတ်တဲ့လပြည့်မှ ကျန်ငွေကိုထုတ်ပေးပြီး အငှါးမယားလုပ်နေသူ အမျိုးသားထံ လာရောက်ခေါ်ယူတာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်းက မူဆယ်၊ တာချီလိတ်နဲ “ဝ”ဒေသအတွင်းက မိုင်းပေါက်မြို့တွေကနေ ပွဲစားအဆင့်ဆင့်နဲ့ အငှါးမယားလုပ်တဲ့ လုပ်ငန်းဟာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကျယ်ပြန်လာတာ ဖြစ်ပါတယ်။

MK-002
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now