မဲခေါင်၊ စက်တင်ဘာ ၁၃
ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် မိတ္ထီလာ-တောင်ကြီးကားလမ်း ရေကျော်နေလို့ ယာဥ်သွားလာမှုကို ဒီနေ့ (စက်တင်ဘာ ၁၃) ကစ ပိတ်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၀ ရက်မှစ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မိတ္ထီလာ-တောင်ကြီးသွားတဲ့ ကားတချို့မှာ ရေကျော်ပြီး လမ်းသားပဲ့ကျနေလို့ အန္တရာယ်ကင်းစေရန် ယာဥ်သွားလာမှု ပိတ်ထားတာလို့ သိရပါတယ်။
ဒါ့အပြင် ပျော်ဘွယ်-ဘုရားငါးဆူလမ်းမှာလည်း ရေကျော်လမ်းသားပဲ့ကျနေပြီး လမ်းမထက် ရေကျော်မှုမှာ ၉ လက်မအထိ ရှိတယ်လို့ သိရပါတယ်။









