မဲခေါင်၊ စက်တင်ဘာ ၁၁
မဲခေါင်မြစ်စောင့်ကြည့်ရေးနဲ့ မိုးလေဝသခန့်မှန်းချက်ကို မဲခေါင်မြစ် ကော်မရှင်က ဒီနေ့ (စက်တင်ဘာ ၁၁ ရက်)က ထုတ်ပြန်ခဲ့ရာမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဒေသတွင်း စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေကြီးရေလျှံမှုတွေ ပိုမိုဖြစ်ပွားလာတော့မယ်လို့ သတိပေးကြေညာသွားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက တိုက်ခတ်တဲ့ ယာဂီစူပါတိုင်ဖွန်းမုန်တိုင်းကြောင့် မဲခေါင်မြစ်ဝှမ်းဒေသ အဓိက စီးဆင်းရာမြစ်ရေအဆင့်ဟာ ဆက်တိုက်ဆိုသလို မြင့်တက်လာနေပြီး လန်ပရာဘန်းဒေသမှာ လက်ရှိ စိုးရိမ်ရေ အမှတ်ရောက်နေသလို စက်တင်ဘာ ၁၂ ရက်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားတော့မှာမယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၃ ရက်မှာ နောင်ခိုင်ဒေသ ရေကြီးရေလျှံအဆင့်ရောက်မှာဖြစ်ပြီး ချိုင်ခန်းနဲ့ ဗီယန်ကျင်းမှာ စက်တင်ဘာ ၁၄ ရက်နေ့ဆို ရေကြီးရေလျှံအဆင့် ရောက်မှာဖြစ်ပါတယ်။
စက်တင်ဘာ ၁၅ နဲ့ ၁၆ ရက်တွေမှာ ပက်ဆိန်းနဲ့ နာခွန်းဖာနွန်ဒေသတွေမှာ အရေးပေါ် အခြေအနေအထိ ရေကြီးရေလျှံမှုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသတိပေး ထုတ်ပြန်သွားပါတယ်။
နောက် ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိတဲ့ဒေသတွေက ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါင်းချနန်း၊ ရတာနာကီရီ၊ လာအိုနိုင်ငံရဲ့ ဘိုကီအို၊ လန်နမ်သာ၊ လန်ပရာဘန်း၊ ဇာယာဘိုရီ၊ အူဒုံးဇေး၊ ဇိုင်ဆွမ်ဘွန်း၊ ရှင်းကောင်း၊ ဘိုလစ်ဟမ်ဇေး၊ ခမ်မူအန်နီ၊ ချမ်ပါဆက်နဲ့ အတ္တာပူဒေသတွေဖြစ်ကာ ထိုင်းနိုင်ငံမှာ ချင်းရိုင်၊ လီအိုင်၊ နောင်ခိုင်၊ ဘန်ခန်း၊ နောင်ဘွားလမ်ဖူ၊ အူဒုံးဌာနီ၊ ဆာခွန်းနာခွန်း၊ နာခွန်းဖာနွန်၊ မဟာဆရာခန်၊ ကလာဆင်၊ ချိုင်ယာဖမ်း၊ အမ်နတ်ချာရိုအန်၊ ခွန်ကိန်း၊ ယိုဆိုသွန်၊ မက်ခ်ဒါဟန်၊ ယူဘွန်ရတ်ချာသာနီ အရပ် တွေပဲဖြစ်တယ်လို့ ဆက်လက်ထုတ်ပြန်ပါတယ်။
Ref: Mekong River Commission
MKF-001









